Part - 4

36.9K 3.3K 102
                                    

အချို့သူတွေကပြောကြတယ် ချစ်မိသလောက်နာကျင်ရတတ်တယ်တဲ့ ၊ ကျွန်တော်ကတော့ နာကျင်သလောက်ချစ်မယ် ၊ မဟုတ်ဘူး အဲ့ဒီထက်ပိုချစ်မယ် ။

ကျွန်တော်ချစ်နိုင်သရွေပေါ့
အချစ်ဆိုတာကုန်ဆုံးတတ်တဲ့အရာအဟုတ်ဘူးလို့ကျွန်တော်သိထားတယ် ၊ ဟုတ်တယ် အချစ်ကမကုန်တတ်ဘူး ယုံကြည်မှုကကုန်ဆုံးတတ်တာ ။

ခင်ဗျားတို့အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်ထားလဲ?
ဘာကိုအခြေခံထားလဲ?
ကျွန်တော်သတ်မှတ်ထားတဲ့အချစ်ကတော့ ယုံကြည်မှုကိုအခြေခံထားတယ်

// // // // // // // // // // // // // // //

ဒီနေ့လည်းမနေ့ကလိုပါပဲ
သူ တစ်ယောက်ထဲရှိတဲ့အိမ်လေးက တိတ်ဆိတ်အေးချမ်းလျက်
ပန်းချီဆွဲတယ် ၊ သီချင်းနားထောင်တယ် ၊
ဒါပေမယ့် ကျွန်တော်သိချင်တဲ့ဆေးသိပ္ပံအကြောင်းတွေကလွဲရင် TV မကြည့်ဖြစ်တော့သလို သတင်းလည်းနားမထောင်ဖြစ်တော့ဘူး ။

မောင့်ဘေးမှာရှိနေတက်တဲ့ ယုဝါဆိုတဲ့မိန်းကလေးကို ကျွန်တော်မမုန်းချင်သလို မောင့်ကိုလည်းစိတ်မဆိုးချင်လို့ ။

ပန်းချီဆွဲရင်း ပြက္ခဒိန်လေးကိုလှမ်းကြည့်တော့ April လတောင်ကုန်ပြီပဲ ။ ဘယ်လကုန်ကုန်သူ့အတွက်ဘာမှသိပ်မထူးလှပေမယ့် ဒီလမှာသင်္ကြန်ဆိုတဲ့ အငွေ့အသက်လေးရှိတော့ ဟိုအရင်အကြောင်းတွေပြန်တွေးမိကာ ရင်ခုန်စရာတော့ကောင်းနေခဲ့ပါသည် ။ မောင်ကကျွန်တော်အတွက် ပျော်စရာနဲ့နာကျင်စရာကို ထပ်တူကျအောင်ဖန်တီးပေးထားတယ် ။ မဆိုးပါဘူး ။

အတွေးလေးနဲ့ ဆွဲလက်စပန်းချီလေးကို လက်စသပ်နေတုန်း အိမ်ရှေ့ကကားသံကြားတာကြောင့် ကျွန်တော်အခန်းအပြင်ကို အပြေးလေး ပြေးထွက်ခဲ့လိုက်သည် ။ နေ့ခင်းကြီး မောင်ပြန်လာတယ် ။

"မဟာမြတ်သူ"

"အင်း လာပြီ"

ဝမ်းသာအားရပြေးလာခဲ့ပေမယ့် မောင်ဘေးမှာရပ်နေတဲ့ လူတစ်ဦးကြောင့် ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားခဲ့ကာ လှေကားထိပ်မှာပဲရပ်နေမိသည် ။

(ဘာလဲ ဘာလို့လဲ ဘာလို့အဒီသူလဲ သူနဲ့မောင်ကဘယ်လိုလုပ်သိတာလဲ)

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now