Part - 44

29.2K 2.1K 191
                                    

မဟာရေချိုးပြီးအဝတ်စားလဲပြီးသည်အထိ ကလေးငယ်လေးက အိပ်ယာထက်ကမထသေး ၊ မဟာထားပေးထားတဲ့ ခေါင်းအုံးလေးကို ပိုတိုးလို့ဖက်အိပ်နေလေရဲ့ ။

8နာရီပင် ထိုးတော့မည်မလို့ ကျောင်းသွားရန် နှိုးရမည်ဟုသိသော်လည်း ၊ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်မလို့ မနှိုးရက်ဘူး ။

မဟာကုတင်ဘေးထိုင်နေရင်း ရဲထက်ဆီသို့ အလုပ်ကိစ္စအတွက် massage ပို့နေလိုက်သည် ။ ခါးထက်သွယ်ယှက်လာတဲ့လက်သေးသေးလေးကြောင့် လန့်သွားရုံရှိသေး ၊ သူ၏ပေါင်အားခေါင်းအုံသဖွယ်ပြုလာပြန်တဲ့ ကလေးငယ်လေးကြောင့် မဟာသဘောကျစွာ ပြုံးရယ်မိသွားသည် ။

မှတ်မိသလောက် ပြီးခဲ့တဲ့နှစ်တွေမှာ ဒီလိုပြုံးရယ်ခြင်းမျိုး မရှိခဲ့တာ အတော်ကြာပြီပဲ ။

"ဝါး...daddyရယ်လိုက်တာ ချစ်စရာလေး"

"ဟင်"

ပြန်အိပ်ဦးမလို့တွေးထားတဲ့ ယွန်းငယ်သည် ၊ အမှတ်မထင်မြင်လိုက်ရတဲ့ မဟာ့အပြုံးလေးကြောင့် မျက်ဝန်းလေးတွေ တောက်ပသွားရသည် ။

"အိပ်ရေးမဝသေးဘူးလား"

"ဝပြီ"

"အဒါဘာလို့မထသေးတာလဲ"

"daddyနဲ့အတူရှိချင်လို့ သဘောကျလို့"

"ကျောင်းသွားရမှာမလား"

"ဟုတ် ၊ အာ မနက်ရောက်ပြီဆိုတော့ ဖေဖေပြန်ရောက်နေပြီထင်တယ်"

ပြောရင်းနဲ့ ထကာထွက်သွားဖို့ပြင်လိုက်တဲ့ ကလေးငယ်ရဲ့လက်ကလေးအား လှမ်းဆွဲထားလျက် ။

"ဟို ဖေဖေက အလုပ်သွားပြီ"

"အလုပ်သွားပြီ?"

"အင်း အလုပ်များနေလို့တဲ့"

"ယွန်းနိုးတာကိုတောင် မစောင့်ဘဲလား"

အစောကတင်ပြုံးရယ်နေခဲ့တဲ့ကလေးငယ်လေးက ယခုမျက်နှာလေးညိုးကျသွားတာကြောင့် ၊ မဟာအလျင်အမြန်ပင် ကလေးငယ်ရှေ့ ဒူးထောက်ထိုင်လိုက်ပြီး ။

"မငိုနဲ့နော် ဖေဖေကတကယ်ကိုအလုပ်များနေလို့ပါ"

"ဖေဖေက ယွန်းကိုမထားခဲ့ဖူးဘူး"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now