Part - 32

32.1K 2.4K 43
                                    

တိတ်ဆိတ်လှသောအခန်းလေးထဲ မွေ့ရာထက်လှဲလှောင်းနေရင်း ၊ မဟာ အပြင်ဘက်က တဖွဲဖွဲကျနေသော မိုးစက်တို့ကိုကြည့်နေသည် ။

ဒီနေ့နဲ့ဆို ဆေးရုံကဆင်းလာတာတစ်ပတ်ကျော်ပင်ရှိပြီ ၊ ထို့အတူ အခန်းအပြင်မထွက်တာလည်း တစ်ပတ်ကျော်ပင် ။

ဒေါက် ဒေါက်

အခန်းတံခါးခေါက်သံကြောင့် မဟာ ထထိုင်လိုက်ရင်း ။

"ဝင်ခဲ့"

စာအိတ်ကြီးတစ်ခုကို ကိုင်လျက်ဝင်လာသော အန်တီမြ

"အကိုလေးနာမည်နဲ့ ဒါလေးရောက်လို့"

"အော် အင်း ပေး"

မဟာ အန်တီမြကမ်းပေးလာသော စာအိတ်ကိုလှမ်းယူလျက် ချက်ချင်းဖောက်လိုက်သည် ။ အန်တီမြကတော့ ထွက်သွားလေပြီ ။

သူ Australia သွားရန် သဘောတူစာချုပ်နဲ့ အချက်အလက်တွေ ၊ အနည်းဆုံး ၃ နှစ် ၊ စာရွက်တို့ကို သေချာစစ်ဖတ်ပြီးတော့ မဟာဖုန်းနံပါတ်တစ်ခုကိုခေါ်ကာ ။

"အေး ငါ"

"ဟုတ်ကဲ့ CEO"

"အကုန်ပြီးဖို့ ဘယ်လောက်လိုလဲ"

"တစ်ပတ်လောက်ပါပဲဗျ"

"Ok"

ဖုန်းချလိုက်ရင်း မဟာသူဆွဲလက်စပန်းချီကားနားကို ထသွားလိုက်သည် ။ ကလေးကိုခွဲစိတ်ပေးတဲ့ဆရာဝန်တွေရဲ့ ထက်မြတ်မှုကြောင့် နာကျင်မှုသိပ်မရှိ ၊ တစ်ခါတစ်ခါအနည်းငယ်သာနာတတ်သည် ။

ပိတ်စအဖြူနှင့်အုပ်ထားသော ပန်းချီကားချပ်လေးမှ ပိတ်စကိုဖယ်ချရင်း ခုံပေါ်မှာထိုင်လိုက်သည် ၊ ဒါလေးလက်စသတ်ဖို့လိုတယ် ။

မည်သည့်ဆေးသားမှမသုံးပဲ ခဲသားသက်သက်ကြည့်နဲ့သာဆွဲထားသောပုံလေးသည် လူတစ်ယောက်ရဲ့ပုံစံ ၊ ဆွဲနေသည်မှာလည်း ခေါင်းအစခြေအဆုံးမလို့ အသေးစိတ်ကျလွန်းသည် ၊ တစ်ခုပဲ ထိုပုံမှာ မျက်နှာမပါဘူး ။

ပျက်ဆီးသွားတဲ့ယုံကြည်မှုတွေနဲ့ နာကျင်စေတဲ့ချစ်ခြင်းမေတ္တာကို ၊ သူအပြည့်အဝ ဥပေက္ခပြုပြုနိုင်ဖို့ ကြိုးစားနေသည် ။

တစ်ချက်တစ်ချက်ကြားရတဲ့ ကလေးငိုသံလေးတွေမှာ သူနားကြပ်နဲ့သီချင်းနားထောင်နေလိုက်သည် ။ ဒါသည်လည်း သူ့ကလေးပဲဆိုတာ မသိစိတ်က သိနေသော်လည်း ၊ စွဲနေတဲ့စိတ်ထဲမှာ သူ့ကလေးဆိုတဲ့ ယွန်းလေးသည် ၊ အဖြူရောင် carnation ပန်းပင်လေးတွေ ကြားပျောက်ဆုံး သေဆုံးသွားပြီ ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now