Part - 23

33.8K 2.7K 67
                                    

ဒီနေ့နဲ့ဆို မာမီသတိရလာတာ ၂ရက်ရှိပြီ ။

ဝမ်းသာအားရ ပွေ့ဖက်မယ်လို့တွေးထားခဲ့ပေမယ့် မာမီသည် သူ့ကိုရှောင်ဖယ်နေခဲ့သည် ။
မမှတ်မိလို့များလားဟုထင်ခဲ့ပေမယ့် ဆေးစစ်ချက်အရ မဟုတ်ခဲ့ပြန်ဘူး ။

မာမီစိတ်ကျေနပ်တဲ့အထိစောင့်နေရင်း ဘေးကနေ မာမီလိုအပ်သည်ကိုသာ လုပ်ပေးနေခဲ့သည် ။ ညနေပိုင်း လူနာကုတင်ထက် တစ်ဖက်သို့သာစောင်းနေခဲ့တဲ့ မိခင်ဖြစ်သူအနား တုနှိုင်းမောင်ထိုင်နေရင်း

"မာမီ မာမီကျွန်တော်ရောက်နေပြီလေ"

မနေ့ညနေကထဲက ထိုကဲ့သို့ လက်ကလေးအသာကိုင်ရင်း မည်သို့ပင်ခေါ်နေပါစေ တစ်ချက်မှလှည့်ကြည့်မလာခဲ့ ။

"မာမီ ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင် ၊ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကိုကြည့်ပါဦး"

တစ်ချက်တစ်ချက် တုန်သွားတဲ့ကိုယ်လေးကြောင့် ငိုနေတာထင်ပါရဲ့ ၊ ဘာလို့များလဲ မာမီရယ် ။

"ကျွန်တော်မာမီကို အကြာကြီးစောင့်နေခဲ့တာ ၊ မာမီပြန်မလာမှာ ကျွန်တော်အရမ်းကြောက်နေခဲ့ရတာ ၊ အခုထိ အခုထိ မာမီပြန်လာတယ်ဆိုတာ မယုံနိုင်သေးဘူး"

နာကျင်စွာပြောနေတဲ့ သားဖြစ်သူကို သူမရင်မဆိုင်နိုင်သေးဘူး ၊ စိတ်ဆိုးနေတာလားတဲ့ မာမီကဘာကိုစိတ်ဆိုးရမှာလဲ သားရယ် ၊ မာမီသားကိုကြည့်ဖို့အားမရှိသေးလို့ပါ ။

ငယ်ငယ်ကထဲက စီးပွားရေးကိုသာကြည့်နေခဲ့မိလို့ နွေးထွေးတဲ့ မိဘမေတ္တာကိုမပေးနိုင်ခဲ့ကြသလို ၊ ချစ်လို့ယူထားခဲ့ကြတဲ့ အိမ်ထောင်ရေးဆိုပေမယ့် ၊ သားအတွက် ငွေရှာတယ်ဆိုတဲ့အကြောင်းပြချက်အောက်မှာ သားကိုဂရုစိုက်ဖို့ သူမတို့မေ့လျော့နေခဲ့ကြတယ် ။

ပထမဆုံးရခဲ့တဲ့ မိသားစုဆိုတဲ့ အနွေးဓာတ်လေးကို ၊ ထိုနေ့မှာတင်ဆုံးရှုံးလိုက်ရတာမလို့ ဘယ်လောက်တောင် နာကျင်စေခဲ့လိုက်မလဲ ။

အဒါဟာ သူမတို့ရဲ့ စီးပွားရေးလောကပြိုင်ဆိုင်မှုတွေကြောင့်သာ ၊ ပိုဆိုးခဲ့တာက အပြစ်မရှိတဲ့ မိသားစုလေးလည်း ပြိုကွဲခဲ့ရသည်လေ ။ သားကအထင်လွဲပြီး ထိုကောင်လေးကို နာကျင်စေခဲ့တယ်ဆိုတာ မှန်ပေမယ့် သူကိုယ်တိုင်လည်းနာကျင်နေမယ်ထင်သည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now