Part - 33

30.5K 2.3K 79
                                    

အရာအားလုံးသည် မဟာထွက်သွားသည့် နေ့မှစ၍ ခြောက်ကပ်တိတ်ဆိတ်လျက်ပါပဲ ။ နေ့တိုင်းလိုလိုဟာ ငရဲလို ၊ နှလုံးတည့်တည့်ကို တိုးဝင်နေတဲ့ မီးစရဲ့ နာကျင်မှုက သေလောက်သည်ထိ ။

တစ်နေ့.....တစ်နေ့နေ့
ဘယ်တော့ရောက်လာမယ်ဆိုတာ မသိတဲ့တစ်နေ့နေ့ ။

အဒီတစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ရှင်သန်မယ် ၊ သမီးလေးကကျွန်တော်အသက်ဆက်ဖို့ လုံလောက်တယ် ။

ပင်ပန်းတဲ့အခါမှာ ကျွန်တော်ဘေးမှာ သမီးလေးရှိနေတယ်ဆိုတဲ့ အသိနဲ့ ရှေ့ဆက်ဖို့ ခွန်အားရတယ် ။ သမီးလေးအတွက် အကောင်းဆုံးဆိုတာတွေ ဖန်တီးပေးရင်း ကျွန်တော်မဟာ့ကိုစောင့်နေမှာပါ ။

*** ဒီနေ့နေသာတယ်
ကောင်းကင်ကြီးက နှစ်လိုဖွယ်ကောင်းလောက်အောင် လှတယ် ။
မင်းကိုလွမ်းတယ် မဟာ ။

လတိုင်းလိုလိုရဲ့ နေ့ရက်အချို့မှာ ကျွန်တော်နဲ့မဟာအတွက် အမှတ်တရလေးတွေရှိတက်တယ် ။ မဟာက anniversary date တွေလောက်ပဲမှတ်ထားတာ ၊ ကျွန်တော်က အဒီလိုမဟုတ်ဘူး ။

ကျွန်တော်တို့ပထမဆုံးစတွေ့တဲ့နေ့ ၊
မဟာနဲ့ ပထမဆုံးဖုန်းပြောရတဲ့နေ့ ၊
မဟာဘက်က ပထမဆုံးဖုန်းခေါ်တဲ့နေ့ ၊
မဟာနဲ့ ပထမဆုံး ကော်ဖီအတူသောက်တဲ့နေ့ ၊
မဟာနဲ့အတူ ပထမဆုံး ရုပ်ရှင်အတူကြည့်တဲ့နေ့ ၊
မဟာဆီက ပထမဆုံးလက်ဆောင်ရတဲ့နေ့ ၊
မဟာကျွန်တော်ကို ချစ်တယ်လို့ပြန်ဖြေတဲ့နေ့ ၊
အဒီလိုနေ့တွေအားလုံးကို ကျွန်တော်မှတ်မိတယ် ၊ မဟာမသိပေမယ့်လို့ ။

ဟန်ဆောင်ပြီးမေ့ချင်ယောင်ဆောင်ရတာ ခက်ခဲခဲ့တယ်ဆိုတဲ့အကြောင်း ဘယ်သူသိမလဲ ။

တစ်နေ့တစ်နေ့ ပြက္ခဒိန်ကိုကြည့်ရတာ အလုပ်တစ်ခုလိုဖြစ်နေခဲ့ပြီ ၊ ရက်တွေကကုန်တာကြာလိုက်တာ ၊ ကျွန်တော်ဒီလောက်နာကျင်နေရပေမယ့် အခုမှ ၅ လတဲ့ ။

သမီးလေးကိုပွေ့ချီလျက် ဧည့်ခန်းထဲလမ်းလျောက်နေတဲ့ တုနှိုင်းမောင် ။

အနှီးထုပ်လေးနဲ့ဆိုလုံးဝမနေဘဲ အော်ငိုတက်တာကြောင့် ၊ အရင်လကထဲက အင်္ကျီလေးတွေဝတ်ပေးနေရပြီ ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now