Part - 57

39.1K 2.5K 278
                                    

အချိန်အားဖြင့် ည ၁၀ နာရီကျော်
လူနာကုတင်ထက်မှ တုနှိုင်းမောင် ကတော့ အခုထိသတိမရသေး ။

မဟာက တုနှိုင်းမောင်အခန်းမှာ မင်းထိုက်နဲ့ထွန်းအောင် စောင့်ပေးနေတာကြောင့် သမီးလေးအတူရှိနေသည် ။ သမီးလေးကလည်း မဟာ့ကိုသူ့အနားကအခွာမခံ ၊ ၇ နာရီလောက်က ပြန်နိုးလာလာချင်း တုနှိုင်းမောင်ကိုတွေ့ချင်လို့ဂျီကျတာကြောင့် ထွန်းအောင်ကပေးတွေ့ပေမယ့် ၊ တုနှိုင်းမောင်ပုံစံကိုမြင်ပြီးကထဲက ပိုငိုနေတာကြောင့် မဟာက တစ်ဖက်ကအခန်းမှာပဲနေစေပြီး ချော့နေခဲ့တာ ။

ခြေထောက်ကဒဏ်ရာက လမ်းမလျောက်နိုင်တာကြောင့်ရယ် ၊ အနားမှာရှိနေသူက မဟာဖြစ်နေလို့ရယ်ကြောင့် ယွန်းလေးကငြိမ်နေသည် ။ မဟုတ်ရင် ဘယ်လိုတားတား သူ့ဖေဖေဆီသွားမည့်ပုံ ။

အခန်းထဲတွင် မဟာက ထိုင်ခုံပေါ်မှာထိုင်နေပြီး ၊ ယွန်းလေးကို သူ့ပေါ်ချီထားတာ ရင်ခွင်လေးထဲထည့်ဖက်ထားသည် ။

"သမီးလေး daddyချော့သိပ်မယ်လေ အိပ်ရအောင်နော်"

"ဖေဖေက ဘာလို့ အခုထိမနိုးသေးတာလဲဟင်"

"ဖေဖေက ပင်ပန်းပြီးတအားအိပ်နေတာ စိတ်မပူနဲ့နော်"

မဟာက ယွန်းလေးရဲ့ စိုးရိမ်စိတ်ပူနေတဲ့ မျက်ဝန်းလေးတွေကြောင့် ယွန်းလေးစိတ်ပြေအောင် ပြောနေပေမယ့် ၊ တကယ်တမ်းမပြေနိုင်သူက သူကိုယ်တိုင်ပင် ၊ တုနှိုင်းမောင်အခြေအနေကအခုထိတိုင် စိတ်မချရသေး ။

"မကောင်းတဲ့ဦးဦးကြီးတွေကြောင့် ၊ ဖေဖေမှာ ခိုက်မိထားတာတွေ များကြီးပဲ"

"အင်း.."

ရင်ခွင်တစ်ခုလုံး ပူလောင်လွန်းနေတဲ့စိတ်တို့ကြောင့် ၊ သူ သက်ပြင်းတိုးတိုးချရင်း ယွန်းလေးရဲ့ခေါင်းလေးထက် ပါးလေးအပ်ကာနေနေမိသည် ။

"daddy ငိုနတောလား"

"ဟင် မ မဟုတ်ပါဘူးသမီးရဲ့"

"အဒါဆို ငိုချင်နေတာလား"

မဟာ မုသားစကားဆိုကာ ဖြေမိပေမယ့် ၊ မေးတတ်လွန်းပါသော ကလေးငယ်လေးအား မဟာထပ်ပြီးပြန်မဖြေနိုင်တော့ ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now