Part - 7

35K 3.1K 36
                                    

နေ့ရက်တွေက တိတ်ဆိတ်လွန်းနေတယ်
အချိန်တွေက နှေးလွန်းနေတယ်
တစ်မိနစ်မှာ စက္ကန့်ခြောက်ဆယ်ထက်ပိုကြာနေတာလား ။
တစ်နာရီကို မိနစ်ခြောက်ဆယ်ထက် ပိုနေခဲ့တာလား ။

ကားချပ်ပေါ်ပြေးလွှားနေတဲ့လက်ကလေးတွေက စိတ်ရဲ့စေလိုရာတဲ့ ၊ အဲ့ဒါဆို အရောင်တွေကြည့်သာ စပ်ဆွဲနေခဲ့တာ ကျွန်တော်ရဲ့စိတ်ပေါ့ ထူးဆန်းလှပါဘိ ။

ကားချပ်တစ်ခုကို အဆုံးသတ်လိုက်ရင်း အတွေးက ကျွန်တော့်ကို တစ်ပတ်လုံး မဆက်သွယ်ခဲ့တဲ့ ထွန်းအောင်ကို သတိရသွားတာကြောင့် ဘေးမှာချထားတဲ့ ဖုန်းကိုယူပြီး ဆက်လိုက်တော့ သုံးကြိမ်မြောက်မှဖုန်းကိုက်သည် ။

"မင်းအလုပ်များနေတာလား"

"ဟို...ကိုမဟာမြတ်သူလားရှင့်"

ဖုန်းကိုင်တာ ထွန်းအောင်မဟုတ်ဘဲ မိန်းကလေးတစ်ဦးအသံဖြစ်တာကြောင့် အံ့သြသွားတာထက် စိုးရိမ်သွားကာ

"ဟုတ်ကဲ့"

"Drထွန်းအောင်က အိပ်နေလို့ရှင့်"

"နေမကောင်းဘူးလား"

"ဟုတ် ကိုမဟာမြတ်သူဖုန်းလာရင် နှိုးပေးပါလို့ပြောပေမယ့် အစောကမှဂျူတီပြီးလို့ နားတာမလို့"

"ရတယ် မနှိုးနဲ့ သူအခုဘယ်မှာလဲ"

"ဆေးရုံမှာပဲ"

"အင်း ဟုတ်ပြီ"

"ဟုတ်ကဲ့ရှင့်"

ဖုန်းချလိုက်ပြီးတာနဲ့ ဒေါသဖြစ်လာရသည် ။ အဒီကောင်ကလေ ကျွန်တော်ဖျားလို့သူ့ကိုမပြောရင်စိတ်ဆိုးတယ် ၊ သူဖျားရင်တော့ဘယ်တော့မှ အသိမပေးဘူး  ။

သူ့မှာစောင့်ရှောက်ပေးမယ့်သူပေါတယ်တဲ့လေ တအားကြွားတာပဲ ၊ မဟုတ်ဘူး ။ တကယ်ကသူကြွားတာမဟုတ်ဘူး ၊ အမှန်ပြောနေတာ အမှန်တရားကနာကျင်ရတာမလို့ သူ့ကိုကြွားတယ်လို့ပြန်ရန်တွေ့နေခဲ့တာ ။

ထွန်းအောင်အတွက် စားစရာပြင်ဆင်ကာ အဝတ်စားလဲပြီး Taxi ခေါ်ကာထွန်းအောင်ရှိတဲ့ဆေးရုံဆီထွက်ခဲ့လိုက်သည် ။

မောင် အိမ်ပြန်မလာတာ ၂ ရက်ရှိပြီဆိုတော့ ခရီးသွားတာပဲထင်ပါရဲ့ ။ အခုတစ်လော မောင်ဘယ်သွားလဲဆိုတာကိုလည်း ကျွန်တော် ကိုမင်းထိုက်ဆီမမေးမိတော့ဘူး ၊ ဒီအတိုင်းပဲနေတက်လာခဲ့တယ် သူဘယ်သွားလဲဆိုတာသိတော့ရော ကျွန်တော်အတွက်ဘာထူးသွားမှာမလို့လဲ ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now