Part - 30

36.2K 2.5K 46
                                    

အချိန်အားဖြင့် ည ၁၁နာရီထိုးပြီးနေလေပြီ ၊ ဘုရားခန်းထဲရှိ ဆေးသေတ္တာထဲ ဆေးဗူးအချို့ကို ကိုင်လိုက်ချလိုက်နဲ့ အလုပ်များနေသော တုနှိုင်းမောင်ကတော့ နောက်မှဝင်လာသော မိခင်ဖြစ်သူကို သတိမထားမိသေး ။

ဒေါ်သန္တာခိုင်ရေထယူရင်း ဘုရားခန်းဆီမှ အသံကြားတာကြောင့် ဝင်လာကြည့်တာ ၊ သားတော်မောင်ဖြစ်နေတာကြောင့် ။

"သား ဘာဖြစ်လို့လဲ"

"အာ မာမီ"

"ဘာရှာနေတာလဲ"

"မဟာကိုဆေးလိမ်းပေးချင်တာ ဘာဆေးလိမ်းပေးရမှန်းမသိလို့ ၊ ကျွန်တော်မာမီကိုတောင် လာနှိုးမေးမလို့တွေးနေတာ"

"အော် သားညာဘက်လက်ထဲက လူးဆေးလေး လူးပေးလိုက် တအားလည်းမပူဘူး ၊ အနံ့လည်းမပါတော့ အဆင်ပြေတယ်"

"ဟုတ်မာမီ ၊ အခန်းပြန်မှာလား ကျွန်တော်လိုက်ပို့မယ်လေ"

"နေပါ ရတယ် သားဘာသူမဟာလေးဆီသွား"

"ဟုတ်"

မိခင်ကိုနှုတ်ဆက်ပြီး တုနှိုင်းမောင် မဟာ့အခန်းဆီသို့ လာခဲ့ပေမယ့် တံခါးဖွင့်ပြီးဝင်ဖို့ စိုးရွံ့နေသည် ။ အကယ်၍မဟာနိုးနေခဲ့လျှင် လက်ခံမည်မဟုတ်၊ သို့ပေမယ့် သူအရဲစွန့်ပြီးဝင်ဖို့တွေးလိုက်သည် မဟာအဆင်မပြေဖြစ်နေတာထက်စာရင် သူ့ကိုရန်တွေ့လည်းအဆင်ပြေတာမလို့ ။

အခန်းတံခါးကိုအသာအယာဖွင့်လျက် တုနှိုင်းမောင်ဝင်လိုက်သည် ။ ကုတင်ထက်ဘေးစောင်းလေးအိပ်ပျော်နေတဲ့ မဟာသည် မျက်နှာလေးတော့မကောင်းနေ တစ်ချက်တစ်ချက်မဲ့သွားသည် ။

တုနှိုင်းမောင် ကုတင်ဘေးအသာဝင်ထိုင်လိုက်သည်အထိ အဆင်ပြေနေတာမလို့ ခြုံထားသော စောင်ပါးပါးလေးကိုဖယ်လိုက်တော့ ၊ မဟာက ဒူးထိရှည်သော shirt လက်ရှည်အပွကြီးကိုသာဝတ်ထားသည် ။

ထိုအင်္ကျီတွေကို မဟာဝတ်ရတာအဆင်ပြေအောင် တုနှိုင်းမောင်က နိုင်ငံခြားမှသီးသန့်မှာပေးကာ ဝယ်ပေးထားတာဆိုပေမယ့် ၊ မဟာသိသည်က ထွန်းအောင်ဝယ်ပေးသည်ဟုသာ ။

ကွေးထားသောမဟာ့ခြေထောက်လေးကိုအသာဆန့်လိုက်ရင်း ၊ ယူလာသောဆေးဗူးထဲမှ ဆေးကိုပါးပါးလေးလူးပေးလိုက်သည် ။ ညနေကဆေးအရှိန်ကြောင့်ပါမည်ထင်သည် နိုးတော့မလာ ။ ဖြူဖွေးပြီး နူ့ညံ့နေသော ခြေထောက်လေးတွေကိုလည်း တုနှိုင်းမောင်မြတ်နိုးရပါသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now