Part - 36

29.8K 2.3K 237
                                    

အချိန်အားဖြင့် နေ့လည် ၁၁ နာရီကျော်
ရာသီဥတုက အနည်းငယ် အုံ့မိုင်းမိုင်းလေးဖြစ်နေပေမယ့် သာယာနေသလိုပင် ။ ဒီနေ့သမီးလေးလည်းကျောင်းနားရက် ။

နေ့လည်စာစားပြီး သူမကိုအဝတ်စားလဲ ပြင်ဆင်ပေးနေသော ဖခင်ကို သူမသေချာလိုက်ကြည့်နေပေမယ့် ၊ ညကထပ်တလဲလဲပေးထားရတဲ့ကတိတွေအတိုင်းမလို့ ဘာမှမမေးဘဲငြိမ်နေသည် ။

ယွန်းလေးသည် ပန်းရောင်ဂါဝန်လေးဝတ်ထားပြီး ဂုတ်ထိဝဲကျနေသော ဆံပင်လေးကို ထိုအတိုင်းလေးပင်ချလျက် ၊ ခေါင်းမှာ ဖဲပြားဆံကုပ်ပန်းရောင်လေးသာတပ်ထားသည် ။ ထို့အတူကြိုးသိုင်းဖိနပ်ပန်းရောင်လေးက ဂါဝန်နဲ့လိုက်ဖက်စွာ ။

"ပြီးပြီ လာ ဖေဖေချီမယ်"

"ဖေဖေ ယွန်းလှလား"

"ဖေဖေ့ယွန်းလေးက လှတာတင်ဘယ်ကမလဲ ချစ်စရာပါကောင်းတာ"

"ချချ"

"မွှေးနေတာပဲကွာ"

တုနှိုင်းမောင်က သနပ်ခါးပါးပါးလေးနဲ့ ပါးလေးကို မွှေးကြူလိုက်ရင်း ပြောတော့ ၊ ယွန်းလေးရဲ့လက်သေးသေးလေးတွေက တုနှိုင်းမောင်ပခုံးကိုဖက်လျက် ပါးထက်နှုတ်ခမ်းသေးသေးလေးနဲ့ဖိကပ်လာသည် ။

"မွ"

"တစ်ခါထဲလား ဒီဘက်ပါးရော"

"ဖေဖေ လူလည် မွ"

"နဖူးလေးကျန်သေးတယ်"

"နဖူးလေးကိုလည်း မွ"

"Ok အားရှိသွားပြီ"

"ယွန်းကအားဆေးလေး"

"ဒါပေါ့ ဖေ့ဖေ့ရဲ့ အောင်စီဂျင်လေး"

တုနှိုင်းမောင်က သမီးလေးကိုဧည့်ခန်းထဲထိချီလာရင်းမှ ခုံလေးပေါ်ချကာ ထိုင်စေသည် ။ တစ်ဖက်က ခုံမှာသူတို့ကိုစောင့်နေဟန်ရှိတဲ့ ထွန်းအောင်ကတော့ တုနှိုင်းမောင်ကိုမေးချင်နေတဲ့မေးခွန်းတွေကို အောင့်အီးထားရပုံ ။

"ခဏလေးစောင့် နောက်ငါးမိနစ်လောက်ပဲ"

"ဘာလဲကွာ"

"နှိုင်း!"

သူတို့ပြောနေရင်းမှာပင် ဝင်လာတဲ့ မင်းထိုက်က ယွန်းလေးဘေးဝင်ထိုက်လျက် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now