Part - 38

29.1K 2.3K 51
                                    

မိုးဖွဲဖွဲလေးကျနေတဲ့ မနက်ခင်းလေးမှာ မနေ့ညကတစ်ညလုံးနီးပါး မအိပ်ရသေးတဲ့ မဟာက အိပ်ရာထဲကမထသေး ၊ နားထဲတွင်တော့ တက်လိုက်ဆင်းလိုက်ပြေးလွားနေတဲ့ ခြေသံတွေကိုလိုက်နားထောင်နေမိသည် ။

"ဘာဖြစ်လို့များလဲ"

စိတ်ထဲထင့်နေတာမလို့ မဟာထလိုက်ပြီး မျက်နှာသစ်ပြင်ဆင်နေလိုက်သည် ။ တကယ်ဆိုအစည်းအဝေးက ၁၀ နာရီလောက်မှ အခုက ၇ နာရီပဲရှိသေးတာ ။

မဟာ တံခါးဖွင့်ပြီး အပြင်ထွက်ဖို့ရွယ်လိုက်ချင်းမှာပဲ ၊ အပြင်ကနေကြားနေရတဲ့စကားသံအချို့

"ကျေးဇူးပါ မေဖြူ"

(မေဖြူ? မေဖြူကဘာလို့လဲ )

"ရပါတယ် သမီးလေးနိုးလာရင် ဆန်ပြုတ်လေးပဲတိုက်နော်"

"အင်းပါ"

(သမီးလေး? ၊ ကလေးနေမကောင်းဘူးလား)

"အဒါဆို ဖြူ ပြန်တော့မယ် ကိုတုနှိုင်းမောင်"

"ငါလိုက်ပို့ပေးမယ် ဖြူ"

"ကျေးဇူး ကိုထွန်း"

ဆင်းသွားတဲ့ခြေသံကိုနားထောင်ပြီး မကြားရတော့မှ မဟာတံခါးဖွင့်လိုက်သည် ။ အောက်ထပ်ကိုလှမ်းကြည့်လိုက်တော့ ထွန်းအောင်ကမေဖြူနဲ့စကားပြောနေသည် ။

ယုန်ရုပ်လေးနဲ့ အခန်းတံခါးလေးက အနည်းငယ်ဟထားပြီး တုနှိုင်းမောင်ရှိသည်ထင်သည် ။

"အကိုလေး"

"အန်တီမြ"

မဟာငေးနေမိတာ တစ်ဖက်ဘုရားခန်းထဲမှထွက်လာသော အန်တီမြကိုသတိမထားမိခဲ့ဘူး ။

"အန်တီမြပြီးရင် ကျွန်တော် မနက်စာစားတော့မယ် ၊ ဆေးရုံမှာ အစည်းအဝေးအစောရှိလို့"

"ဟုတ်အကိုလေး အဒါဆိုအန်တီမြပြင်ထားလိုက်တော့မယ်"

"ကျွန်တော်အဝတ်စားလဲပြီးဆင်းခဲ့လိုက်မယ်"

"ဟုတ်ကဲ့"

မဟာအခန်းထဲပြန်ဝင်ခဲ့ရင်း ရေချိုးအဝတ်စားပြန်လဲကာ ထွက်ခဲ့လိုက်သည် ။

Ring...

လှေကားမှာရပ်နေတုန်း မြည်လာတဲ့ဖုန်းကြောင့် ကြည့်လိုက်တော့ သူ့အတွင်းရေးမှူးလူယုံ သက်နိုင်ဆီမှ ၊ မဟာဖုန်းကိုင်လိုက်ပြီး

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now