Part - 18

35.8K 2.9K 56
                                    

ခြံဝန်းထဲရှိ ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်နေကာ ၊ လက်ထဲက ဘီယာဗူးလေးကို လှုပ်ရမ်းကာသောက်လိုက်ရင်း အနည်းငယ်အုံ့မှိုင်းနေသော ကောင်ကင်ကို ငေးကြည့်မိသည် ။

ခါးသက်သက် ရှတတ ပူရှိန်းသွားစေတဲ့ အရသာကို အရင်က သိပ်မုန်းခဲ့ဖူးသည် ။ ယောကျ်ားလေးတစ်ယောက်ဖြစ်ပါရက်နဲ့ ဆေးလိပ်/ဘီယာ/အရက် တွေကို မကြိုက်တာ ဆရာဝန်တစ်ယောက်ဖြစ်နေလို့ဆိုရင် ၊ သိပ်တော့မမှန်ကန်တဲ့ ဆင်ခြေတစ်ခုဖြစ်မလား ။

အဝင်ဆိုးပေမယ့် ခံစားမှုကို ရီဝေဝေလေးဖြစ်စေတဲ့ ထိုအရာကို အရင်ကဘာလို့များ မကြိုက်ခဲ့မိပါသနည်း ။

သိချင်မိပြီ ဘီယာက ဤကဲ့သို့ အရသာဆိုရင် အရက်ကရော မည်သို့နည်း ၊ အင်း ဆေးလိပ်ဆိုရင်ရော ဘယ်လိုများဖြစ်မလဲ ၊ နောက်တော့မှ တဖြည်းဖြည်းချင်းပေါ့ ။

Ring...

မြည်သံကြောင့်ဘေးနားမှ ချထားတဲ့ ဖုန်းကို ကောက်ယူလိုက်ရင်း

"အင်း"

"ဟုတ်ကဲ့ CEO အခြေအနေကထင်ထားတာထက် ပိုတိုးတက်လာပါတယ် "

"စစ်ဆေးချက်တွေ အကုန်လိုချင်တယ်"

"မနက်ဖြန်ရအောင် လုပ်ပြီး mail ပို့လိုက်ပါ့မယ်"

"Ok"

တစ်ဖက်ကဖုန်းကိုချလိုက်ပြီး ဖုန်းထဲက သီချင်လေးတစ်ပုဒ်ဖွင့်ကာ ဘေးပြန်ချထားလိုက်သည် ။

ပျံ့လွင့်လာတဲ့ သီချင်းလေးက "အပိုဆု"တဲ့ ။ တကယ်က ဒီအတိုင်း play လုပ်လိုက်တာလေ ဘာဖြစ်လို့များ အဒီသီချင်းလဲ ။

.......🎶.......🎵 ဘယ်တော့ငါ့ကို
မင်းပစ်သွားမလဲ ငါမသိ 🎵
ဘယ်လောက်ငါ့ကိုမင်းချစ်ဖူးတယ် ငါမကြည့်
ဘယ်အထိ ငါ့ကိုမင်းလှည့်စားမလဲ ငါမသိခဲ့ 🎵 ဒါတောင်အစအဆုံးမရှိ ချစ်ခဲ့သည် 🎶
ဘယ်လောက်ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့် ဘယ်အခါစိတ်ကလေး ချမ်းမြေ့ရမယ် ငါမသိ ဘယ်နေ့မင်းကြောင့် ဘဝပျက်သွားမလဲ ငါမသိ 🎵
ဒါကိုပုံအောလို့ ချစ်ခဲ့သည် 🎶
အလိုချင်ဆုံး မင်းဆီကငါ မေတ္တာတရားလေ 🎵 အပိုဆုလေးတောင်းပါဦးဆို သစ္စာရှိပါမေ
ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းခွဲပြ ငါဟာမင်းအတွက် အသက်ရှင်နေထိုင်ဖြစ်တည်တဲ့ ဘဝ..... 🎶

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now