Part - 59

36K 2.2K 195
                                    

In Australia , Canberra
*****Coffeehouse

ဆိတ်ငြိမ်လှသော ကော်ဖီဆိုင်လေးတစ်ခုအတွင်းရှိ ထောင့်နေရာမှစာပွဲဝိုင်းတစ်ခုတွင် ၊ ရှေ့မှစာရွက်မျိုးစုံကြား ခေါင်းစိုက်နေတဲ့ သူ ။

"ဟူး...."

အချိန်အတော်ကြာမှ ပြီးသွားတာကြောင့် သက်ပြင်းချရင်း နောက်သို့မှီထိုင်လိုက်ကာ အကြောဆန့်လိုက်သည် ။ ပြီးနောက်ဖုန်းမှနာရီကိုကြည့်လိုက်တော့ ၃ နာရီကျော်ပင်ရှိနေပြီတာမလို့ ၊ စာရွက်တို့ကိုသိမ်းကာ ပြန်ဖို့ပြင်လိုက်သည် ။

"Oh"

ထရပ်လိုက်ပြီးသွားဖို့ပြင်လိုက်ချင်းမှာပင် တစ်စုံတစ်ယောက်နှင့်တိုက်မိသွားတာကြောင့် သူ၏စာရွက်ဖိုင်တွေပြုတ်ကျကုန်သည် ။

"Sorry, I did not notice , I was in a hurry"

သူပြန်တောင်းပန်လိုက်ရင်း စာရွက်တို့ကိုကောက်ရန်ထိုင်လိုက်တော့ ၊ ထိုသူကပါထိုင်လာပြီး

"It does not matter, I did not care, did U get hurt?"

"No Thanks"

"ဒါနဲ့ မြန်မာလား"

မည်သည်ကိုကြည့်၍မေးလာသည်မသိ ထိုသူရဲ့စကားကြောင့် သူအခုမှသေချာကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ ။

"ဟုတ်ကဲ့"

"ကောင်းလိုက်တာ ကျွန်တော်ကလည်းမြန်မာစပ်တယ် ၊ ကျွန်တော့်မာမီကလည်းမြန်မာလေ တွေ့ရတာဝမ်းသာပါတယ်"

"အင်း"

"ကျွန်တော့နာမည်က ချိန်း ပါ ဒီက.."

"ကျွန်တော့နာမည်က မဟာမြတ်သူပါ"

မဟာမြတ်သူက ခပ်ရေးရေးလေးပြုံးကာ နှုတ်ဆက်လိုက်ပေမယ့် ၊ တစ်ဖက်မှချိန်းကတော့ ငေးသွားရသည်အထိ ။

ဆုံတွေ့ခဲ့မှုလေးကရိုးရှင်းတယ် ၊ တမင်ဖန်တီးထားတာမှန်းသိသာခြင်းမရှိဘူး ။ ဒီလိုနဲ့ပဲ တိုက်ဆိုင်မှုအချို့ထပ်ဖန်တီးရင်း ခင်မင်မှုကို ဖြည်းဖြည်းချင်းစတင်ခဲ့တယ် ။
.
.
"အကို"

"အင်း"

"ဒီနေ့ ညနေပိုင်းအားတယ်မလား ဟင် ၊ အားလိုက်ပါ အားပါတယ်တော့လုပ် နော်"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now