အိပ်ခန်းထဲက စာပွဲပေါ်မှာထောင်ထားတဲ့ ပြက္ခဒိန်လေးတွေသည် တစ်ခုပြီးတစ်ခုပြောင်းလဲသွားသည် ။ ရက်တွေတိုင်းမှာ တစ်ရက်ပြီးတစ်ရက် တုနှိုင်းမောင် ကြက်ခြေခက်ရာလေးတွေက အခုထိမရပ်တန့်နိုင်သေးဘူး ။
၄နှစ်ကျော်ဆိုတဲ့အချိန်မှာ သမီးလေးကြီးပြင်းလာတာကလွဲရင် အရာအားလုံးဟာအရင်လိုပဲ ။ မဟာနေရာမှာ လိုအပ်နေတဲ့ ကွက်လပ်လေးသည် ယခုထိတိုင် ပိုင်ရှင်ကိုစောင့်ဆိုင်းဆဲ ။
အလင်းသစ်လုပ်ငန်းစုနဲ့ပူးပေါင်းလိုက်ပြီးနောက်ပိုင်း T&T Group လုပ်ငန်းတွေဟာ ပိုမိုအောင်မြင်လာရသလို ၊ တုနှိုင်းမောင်ရဲ့ ရင်နှစ်သည်းခြာလေးဖြစ်တဲ့ သျှင်ယွန်းမြတ်ဆိုတဲ့သမီးလေးကိုလည်း မသိတဲ့သူမရှိ ။
မင်းသမီးလေးတစ်ပါးလို ပြင်ဆင်ပေးထားတဲ့ အခန်းလေးထဲ တုနှိုင်းမောင် တံခါးအသာဖွင့်၍ဝင်ခဲ့လိုက်သည် ။ ယွန်းလေးသည် တစ်ခါတစ်လေတုနှိုင်းမောင်နဲ့အတူအိပ်သလို ၊ သူ့အတွက်သီးသန့်လုပ်ပေးထားတဲ့ အခန်းလေးထဲလည်းဝင်အိပ်တတ်သည် ။
သမီးလေးရဲ့ တစ်ခန်းလုံးသည် အရုပ်တွေနဲ့ ပြည့်နေပြီး ၊ အဝတ်ဒီဒိုထဲလည်းအပြည့်ဖြစ်နေတာမလို့ အဝတ်စားနဲ့အသုံးအဆောင်အတွက် သီးသန့်အခန်းထားပေးရသည် ။
အခန်းထဲရောက်တာနဲ့ တုနှိုင်းမောင်တွေ့ရတာက ယွန်းလေးသည်မွေ့ရာထက် ယုန်ရုပ်ကြီးကို ဖက်လျက်အိပ်ပျော်နေဆဲ ။ ယွန်းလေးကယုန်သိပ်ချစ်တတ်သည် သူ့daddyလိုပဲ ။
တုနှိုင်းမောင် ကုတင်ဘေးအသာဝင်ထိုင်ရင်း ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်တော့ လှုပ်စိလှုပ်စိလေးလုပ်ကာ ပြန်အိပ်သည် ။
လက်မှနာရီကိုကြည့်လိုက်တော့ ၇ နာရီထိုးပြီးပြီး ၊ ယွန်းလေးက မူကြိုတတ်နေပြီဖြစ်တာကြောင့် တုနှိုင်းမောင် မနှိုးချင်ပေမယ့် နှိုးရလိမ့်ဦးမည် ။
ယွန်းလေးက အမြဲအားနည်းနေတတ် ပြီး ဘယ်လိုပဲအိပ်စက်ပါစေ တစ်ခါတစ်ခါ ပင်ပန်းနေသလိုဖြစ်နေတတ်သည် ။ဒီနေ့လည်း သူပင်ပန်းနေလို့နေမှာ ၊ မဟုတ်ရင် အစောထတက်သူလေ ။
YOU ARE READING
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romanceယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...
