Part - 39

29.1K 2.2K 154
                                    

ဒီနေ့မှာ အလင်းသစ်ဆေးရုံရဲ့ လူနာခန်းတစ်ခုထဲ မဟာနဲ့ချိန်း ရောက်နေကြသည် ။ မဟာရှာတွေ့ခဲ့တဲ့ ချိန်းရဲ့မိခင်သည် ကျန်းမာရေးမကောင်းတာကြောင့် အခြားဆေးရုံတစ်ခုမှာ တက်နေရတာမလို့ မဟာက အလင်းသစ်ဆေးရုံကိုပြောင်းစေခဲ့တာ ။

"အကို မာမီသက်သာမှာပါနော်"

ချိန်းက လူနာကုတင်ဘေးမှာထိုင်ရင်း မိခင်ရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ ဆိုလာသည် ၊ မဟာကတော့ ဘေးနားမှာမက်တပ်ရပ်နေသည် ။

"အင်း သက်သာမှာပါ ချိန်းရဲ့ ၊ ဆေးစစ်ချက်အရ စိုးရိမ်စရာဘာမှမရှိပါဘူး"

"ကျွန်တော် ဒီလိုပုံစံနဲ့တွေ့ချင်ခဲ့တာမဟုတ်ဘူး"

မဟာ့ကိုယ်လေးကို မှီလျက်ဆိုလာသော ချိန်းကို မဟာပခုံးလေးအသာပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည် ။

"ကိုယ် စောင့်ရှောက်ပေးဖို့ Nurse ခေါ်ထားတာပေးတယ်"

"အင်း"

"ဒီမှာခဏနေခဲ့ဦးနော် ကိုယ်အလုပ်ကိစ္စလေးပြောစရာရှိလို့ သွားလိုက်ဦးမယ်"

"ဟုတ် အကို"

မဟာလည်း အလုပ်ရှိသေးတာကြောင့် ထွက်ခဲ့လိုက်သည် ။ မဟာထွက်သွားတာနဲ့ ချိန်း ထိုနေရာတွင်ထိုင်နေရာမှ ထလိုက်ကာ စက်တီခုံပေါ်ပြောင်းထိုင်လိုက်သည် ။

"ခင်ဗျား ဒီမှာရသလောက်အချိန်ဆွဲပြီးနေပါ"

ချိန်းရဲ့ အေးစက်စက်ထွက်ပေါ်လာတဲ့ စကားသံအဆုံး ကုတင်ပေါ်မှ ထိုအမျိုးသမီးက ထထိုင်လာသည် ။

"ဟုတ်ကဲ့"

"တစ်ခုခုမှားသွားရင် ခင်ဗျားအသက်ရှင်မယ်မထင်လိုက်နဲ့ အလုပ်ကိုသေချာလုပ်"

"ဟုတ်ကဲ့ပါရှင့်"

Ring...

ဖုန်းမြည်တာကြောင့် ချိန်းချက်ချင်းပင် ကိုင်လိုက်သည် ။

"သခင်လေး ဟိုလူ သတင်းရသွားတဲ့ပုံပဲ"

"ဘာပြောတယ်"

"ကျွန်တော်တို့တောင်းပန်ပါတယ်"

"မင်းတို့အဒီလောက်တောင် စောက်သုံးမကျဘူးလား"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now