Part - 3

38.9K 3.5K 120
                                    

အလင်းသစ် ပုဂ္ဂလိကဆေးရုံကြီးအတွင်းခွဲစိတ်ဆရာဝန် Dr.ထွန်းအောင်ရဲ့နားနေခန်းကုတင်လေးပေါ်မှာ နာရီအတော်ကြာ မေ့လျောနေခဲ့တဲ့ကောင်လေးတစ်ယောက်ရှိသည် ။

"ငါ မင်းကိုဘယ်လိုလုပ်ရမလဲမသိတော့ဘူး မဟာရယ် "

မဟာဆီကဖုန်းရပြီးချင်း ဂျူတီကိုသူများအကူအညီတောင်းကာ အသည်းအသန်ရှာရင်း နောက်ဖေးလမ်းကြားတစ်ခုက ခုံတန်းလေးပေါ်မှာ ဒူးနှစ်ဖက်ပေါ်မျက်နှာမှောက်ကာ ထိုင်နေသော မဟာ့ကိုမြင်လိုက်ချိန်မှာ တုနှိုင်းမောင်ဆိုတဲ့ကောင်ကို တကယ်ပဲသွားသတ်ပစ်လိုက်ချင်ခဲ့တယ် ။

အဒီအရူးက သူ့လည်းမြင်ရော

"ငါသိတယ် မင်းလာမှာ"

ဆိုပြီး ခပ်ဖျော့ဖျော့လေးပြုံးကာ ပျော့ခွေကျတဲ့ခန္ဓာကိုယ်ကြောင့် သူ့မှာဖြစ်နေတဲ့ဒေါသတွေမနဲထိန်းထားရတယ် ။ ဒီလောက်ပင်ပန်းပြီးနာကျင်နေရလို့ သူအတန်တန်တားနေတာကို အဒီကောင်ကိုပဲ အခုထိတွယ်ကပ်နေတဲ့ မဟာ့ကိုလည်း ရိုက်သတ်ချင်နေလေပြီ ။

"ငါ တုနှိုင်းမောင်ကိုသတ်ရမလား ၊ မင်းကိုသတ်ရမလား"

"မင်းမသတ်ရက်တာသိသားပဲ"

တိုးညှင်းစွာနဲ့စကားနိုင်လုသံလေးအားကြားလိုက်ရတော့ သူ့မှာဝမ်းသာရပြန်ပါသည် ။

"မဟာ မင်းအဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲ"

"အားနည်းပြီး စိတ်ပင်ပန်းတဲ့ဒဏ်ကြောင့်မလို့မေ့သွားတာပါ ဟုတ်တယ်မလား"

"သေရမှာ"

"ငါသေရင် မင်းကိုဒုက္ခပေးမယ့်သူမရှိဘဲနေမှာပေါ့"

"မဟာ ငါဒေါသဖြစ်နေတာနော်"

"ငါ့အကိုက အမြဲဒေါသဖြစ်နေတာပဲ မင်းလက်အောက်က ကလေးတွေတော့သနားပါတယ်"

"ပြောပါဦး ဘာဖြစ်လာတာလဲ တစ်ချိန်လုံးလည်း ယောင်ငိုနေတာ အိမ်မက်ဆိုးတွေမက်နေပြန်ပြီလား"

"အဒါမဟုတ်ပါဘူး"

"အဒါမဟုတ်ရင် ဟိုကောင်ကမင်းကိုအိမ်မက်ထဲထိအောင် နှိပ်စက်နေတာမလား"

"အထွန်း ငါဗိုက်ဆာတယ်"

လှဲနေရာမှ ထိန်းထကာထိုင်ဖို့လုပ်နေသော သူ့ကိုထူပေးရင်း

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now