Part - 11

35.2K 3K 73
                                    

အချစ်ကြောင့် နာကျင်ရသလို
အမုန်းကြောင့်လည်း ပင်ပန်းရတတ်တယ် ။
မင်းနဲ့ငါကြားမှာ အချစ်ကြောင့်ရော အမုန်းကြောင့်ပါ ငါတို့နာကျင်ပင်ပန်းခဲ့ကြပြီးပြီမလို့ လက်လျော့လိုက်သင့်ပြီ မဟုတ်လား ။

***************************

အလင်းသစ်ဆေးရုံကြီးရဲ့ အထူးခန်းတစ်ခန်းအတွင်းရှိ လူနာကုတင်ဘေးမှာ ထိုင်နေခဲ့တဲ့သူ ၊ ရင်ထဲမှာနာကျင်နေတာ မျက်လုံးများပင် ရဲနေသည်အထိ ၊ သို့သော် မျက်ရည်တော့ကျမလာခဲ့ဘူး ။

"ဒေါက်တာ"

တံခါးပေါက်က ဆရာမလေးရဲ့ခေါ်သံကြောင့် လှမ်းကြည့်လိုက်ရင်း

"ဝင်ခဲ့"

"ဟုတ် ဒါစစ်ဆေးချက်ရဲ့ အဖြေတွေအကုန်ပါပဲ"

"အင်း"

"ဘာများလိုအပ်သေးလဲရှင့်"

"မလိုဘူး ၊ သွားလို့ရပါပြီ ကျေးဇူးပါ"

"ဟုတ်ကဲ့"

ထိုဆရာမလေး ပေးသော စာရွတ်များကို ယူလိုက်ရင်း မပြည့်နိုင်မှန်းသိတဲ့ ဆုကိုတောင်းနေမိပြန်သည် ။ ဘယ်လိုများတောင်မှ လုပ်ရက်တာလဲ ဘာဖြစ်လို့များ ကျွန်တော့်မိသားစုတွေကိုလဲ ။

ဒီနေ့နဲ့ဆို ထွန်းအောင်သတိမေ့နေခဲ့တာ တစ်ပတ်ရှိပြီ ။ သိပ်ကိုအတ္တကြီးတဲ့မောင်က ကျွန်တော်ဘယ်လောက်ပဲပြောပြော ဘယ်လိုပဲတောင်းပန်ပါစေ ခွင့်မပြုပေးခဲ့ဘူး ။

မနေ့ကထိပေါ့
မနေ့က ယုဝါဆိုတဲ့ မိန်းကလေးနဲ့ဖုန်းပြောပြီး အလောတကြီးပြေးထွက်သွားတဲ့ မောင်က အရေးပေါ် ခရီးသွားသည်တဲ့လေ ။ ဘယ်ကိုလဲ မမေးဖြစ်တော့ပါဘူး သိတော့ရော ကျွန်တော့်အတွက် ဘာများပြောင်းလဲသွားမှာမလို့လဲ ၊ သွားလိုရာကိုသွားနိုင်ပါတယ် ။

ကျေးဇူးယုဝါ မင်းကြောင့် ငါ ထွန်းအောင်ကို လာတွေ့လို့ရတာ ။

Ring....

"အဆင်သင့်ဖြစ်ပါပြီ CEO"

"အင်း"

မဟာ ဖုန်းချလိုက်ပြီး ပြုံးလိုက်ရင်း ကုတင်ပေါ်က ထွန်းအောင်ကို ကြည့်ကာ

"တောင်းပန်ပါတယ် ငါ့အကို"

ထွန်းအောင်ရဲ့လက်မောင်းကို အသာပုတ်ပြောပြီး မဟာ ထွက်ခဲ့လိုက်သည် ။ အခန်းရှေ့ရောက်တော့လည်း အသင့်ရပ်စောင့်ကြနေတဲ့ လုံခြုံရေး ၂ ယောက်ကို ခေါင်းငြိမ့်ပြကာ ပြုံးပြလိုက်ပြန်သည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now