Present (Extra - 4)

24.5K 1.1K 138
                                    

ဒါလေးက စာအုပ်လေးမှာသာပါတဲ့ အပိုင်းပိုလေး။ 1M အမှတ်တရအနေနဲ့ ဒီမှာလာတင်ပေးတာပါ။
ချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော် ❣

Extra - 4

အချိန်အားဖြင့် မနက် ၆ နာရီ

ခြေသံသေးသေးလေးနဲ့ တဒုန်းဒုန်းပြေးလွှားနေသံလေးက နားထဲတိုးဝင်လာသည် ။ ဘယ်သူ့အသံလဲဆိုတာတွေးစရာပင်မလို နေ့နေ့ညညပတ်မွှေနေတာ တစ်ဦးတည်းသာရှိသည် ။

ဒီနေ့လည်း ဟိုပြေးဒီပြေးနဲ့ ဘာတွေလုပ်နေသည်မသိ ။

မထချင်သေးတာကြောင့်ဖက်ထားပေးသော ရင်ခွင်ခပ်နွေးနွေးထဲ တိုးဝင်မိတော့ ပိုတိုးဖက်ပေးလာသည် ။

"အေးနေလား အချစ်"

"ဟင့်အင်း၊ ရှင်းလေးဘာတွေလုပ်နေပြန်လဲမသိ"

"အင်း မနိုင်စိန်လေး"

"ဒါနဲ့ မောင် အစည်းဝေးရှိတာဘယ်အချိန်လဲ"

"၁၀နာရီမှ သားနဲ့သမီးကို ကျောင်းပို့ပြီးအေးဆေး"

"အင်း"

ရင်ခွင်ထဲက ကိုယ်လုံးလေးဆီမှ အနွေးငွေ့လေးခံစားမိတာကြောင့် ၊ တုနှိုင်းမောင်က မဟာ့နဖူးလေးထက် လက်ကလေးချက်ချင်းရောက်သွားသည် ။

"အချစ် နေလို့မကောင်းဘူးလား"

"ကောင်းပါတယ် ၊ ခေါင်းနည်းနည်းကိုက်တာ"

"အဲ့ဒါဆို မောင်ပဲကျောင်းပို့ဖို့လုပ်လိုက်မယ် ၊ အချစ်နားနေလိုက်တော့နော်"

"ရပါတယ်ဆို ငါလည်းလိုက်မှာ"

"ခေါင်းကိုက်နေတာ နားလိုက်ပါလား အချစ်ရယ်"

"ခေါင်းကိုက်မှာပေါ့ ငါအိပ်ရေးမှ မဝသေးတာ ၊ အဲ့ဒါဘယ်သူ့ကြောင့်တုန်း!"

မဟာ စိတ်မကြည်တော့စွာ မော့ကြည့်ရင်းဆိုတော့ တုနှိုင်းမောင်က ပြုံးစိစိလုပ်ကာ

"မောင်ကြောင့်ပါ မောင့်ကြောင့်"

နဖူးလေးထက် အနမ်းခြွေရင်းပြောလာသော စကားအား မဟာက လက်မောင်းကို ဖြန်းခနဲချလျက်

"မျက်နှာမပြောင်စမ်းနဲ့"

"အချစ်ကလည်း"

"တော်စမ်းပါ"

You've reached the end of published parts.

⏰ Last updated: Apr 22, 2022 ⏰

Add this story to your Library to get notified about new parts!

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now