Part - 10

37K 3K 41
                                    

အဝေးပြေးလမ်းမပေါ် ဖြေးဖြေးနဲ့မှန်မှန်ရွှေ့လျားနေသော ကားလေးတစ်စီး

"မေမေ အထွန်းဖုန်းခေါ်နေတယ်"

"သူပျင်းနေပြီထင်တယ် ကိုင်လိုက်လေသားလေး"

ကားနောက်ခန်းထဲက အော်ပြောနေသော ကောင်လေးက ရှေ့ဘက်ခန်းဆီသို့ ကျော်ခွသွားလိုက်ရင်း အလည်မှာရအောင် ဝင်ထိုင်ကာ ။

"hello အဟမ်း အဟမ်း Dr.မဟာမြတ်သူ စကားပြောနေပါတယ် ဘယ်သူပါလဲ"

"ပါရဂူကြီးထွန်းအောင် ပြောနေတာပါ"

Speaker ဖွင့်ထားပြီးပြောနေတာမလို့ ဘေးကမိဘတွေမှာ မနေနိုင်ထရယ်ကြသည် ။

"အဲ့ဒီနာမည်မကြားဖူးဘူးဗျ"

"သား ပျင်းနေပြီလား"

"ဟုတ်တယ် မေမေ"

"ပျင်းရိခြင်းကရှုံးနှိမ့်ခြင်းတဲ့ ဘဝမှာပျင်းရိလိုက်ရင် ကိုယ်ကရှုံးသွားပြီပဲ"

"အေး မင်းပဲပြောနေလိုက်"

"စေတနာနဲ့ ရှင်းပြတာကို မင်းကလေ"

"မဟာလေးရေ အကြီးကိုနော်"

" ကောင်းတယ် မှတ်"

"ဟွန်း စာတွေအများကြီးလုပ်ရပါစေ"

"ညီလေးရေ မင်းသာအများကြီးလုပ်ရမှာ"

"သားကြီး အဆင်မပြေတာရှိလား"

"မရှိဘူး ဖေဖေ"

"ငါနဲ့အတူ ရန်ကုန်မှာလာတတ်ပါဆိုတာကို"

"ကိုကြီးရေ ညီလေးနဲ့အတူလာတတ်ပါလို့ ပြောလေ စဥ်းစားပေးမယ်"

"တော် မလာနဲ့ မင်းနဲ့အတူတတ်ရင် ငါဘာလုပ်လုပ်ပြန်တိုင်နေမှာ"

"မေမေ ကျွန်တော်မပြောဖူးနော်"

"မသိတာကျနေတာပဲ ၊ အထွန်း အိမ်မှာ မင်းမရှိတာ ပျင်းတယ်"

"ရန်ဖြစ်စရာ အဖော်မရှိလို့မလား"

"ဒါပေါ့"

"သားကြီး လိုတာရှိရင် ချက်ချင်းပြောနော်"

"မလိုပါဘူး မေမေ"

"ကျွန်တော်လိုတယ် ၊ ဟီး မုန့်ဖိုး"

"မင်းကတော့ အမြဲလိုနေတာပဲ"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now