Part - 16

36.7K 2.9K 138
                                    

လူနှစ်ဦးရှိပေမယ့် တိတ်ဆိတ်လွန်းလှတဲ့အခန်းတစ်ခု

မဟာက ကုတင်ပေါ်မှာ နောက်ကိုမီကာ ခြေဆင်းထိုင်နေရင်း စာအုပ်တစ်အုပ်ဖတ်နေသည် ။ တုနှိုင်းမောင်ဘေးဘက်က ဆိုဖာခုံတန်းရှည်ပေါ်ထိုင်နေရင်း မဟာ့ကို အကဲခက်နေသည် ။

အခုတစ်လော မဟာ့အပြုအမူတွေက ထူးဆန်းနေသည် ။ အခြားသူအတွက် သိသာလားမသိပေမယ့် တုနှိုင်းမောင်အတွက် ထူးဆန်းနေတာအမှန် ။

ဒေါက် ဒေါက်

အခန်းတံခါးခေါက်သံကြောင့် တုနှိုင်းမောင် မဟာ့ကိုကြည့်လိုက်တော့ မကြားသလိုပင် စာအုပ်ကိုပဲ ဆက်ကြည့်နေသည် ။

"ဝင်ခဲ့"

တုနှိုင်းမောင် အသံပေးလိုက်တော့ ဒေါ်မြက ကော်ဖီခွက် ကိုင်ကာဝင်လာသည် ။

"ဟို အကိုလေးအတွက် ကော်ဖီလာပို့တာပါ"

"ဒီကိုပေး အန်တီမြ"

မဟာဝင်ဖြေလျက် ကုတင်ပေါ်ကဆင်းလာပြီး ၊ ဒေါ်မြလက်ထဲက ကော်ဖီခွက်ကို ယူကာ ဝရံတာဘက်ထွက်သွားသည် ။

"သွားလိုက်ပါဦးမယ် သူဌေး"

"အင်း"

ဒေါ်မြထွက်သွားပြီး တုနှိုင်းမောင် မဟာ့နောက်ကိုလိုက်သွားသည် ။

ဘောင်တန်းကို မှီကာ ကော်ဖီသောက်ရင်း ကောင်းကင်ကိုငေးကြည့်နေတဲ့ မဟာက တုနှိုင်းမောင်ဘဝရဲ့ ရှင်သန်ရာပုံရိပ်လေး ။
ထိုပုံရိပ်လေးမရှိရင် တုနှိုင်းမောင်ဆိုတာလည်း ရှိမည်မဟုတ် ၊ သူ့မိဘတွေကို အရမ်းမုန်းသလောက် သူကကိုယ့်အတွက်ရူးမတတ်သေလောက်အောင်ချစ်ရတဲ့ တစ်ဦးတည်းသောသူ ။
မဟာဆိုတာ တုနှိုင်းမောင်ရဲ့ အသက်ပဲ ။

"မင်း ညကြီးကိုကော်ဖီတွေသောက်နေပြန်တာလား"

မာကျောလှတဲ့အသံကြောင့် မဟာ နောက်လှည့်ကြည့်လာသည် ။ ထိုမျက်ဝန်းတွေမှာ အရင်လို ကြောက်လန့်တုန်လှုပ်တာတွေမရှိသလို ၊ အခြားမည်သည့်အရိပ်အယောက်မှလည်း ရှိမနေ ။

"အင်း"

တစ်ခွန်းထဲသာဖြေပြီး ပြန်လှည့်ကာ သောက်လက်စကော်ဖီကို ဆက်သောက်နေသည် ။ လေထဲကနေတောင်ရနေတဲ့ ခါးသက်သက်ကော်ဖီအနံ့ကြောင့်

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now