Part - 51

30.4K 2.3K 228
                                    

ဆရာဝန်ပေါက်စတစ်သိုက်ရဲ့သတင်းဖြန့်မှု့ မြန်ဆန်ခြင်းကြောင့် မဟာနဲ့အတူယွန်းလေးပါလာကြောင်းအကုန်သိသွားကြကာ ၊ မဟာ့ရုံးခန်းတွင် ယွန်းလေးအတွက်ဝယ်လာပေးသော မုန့်များနှင့်ပြည့်နေသည် ။

အရင်က ထွန်းအောင်နဲ့လည်းလာဖူးပေမယ့် ထွန်းအောင်က ယွန်းလေးအနားဘယ်သူ့ကိုမှအကပ်မခံတာကြောင့် ယွန်းလေးလည်း ရုံးခန်းထဲထိုင်ပဲထိုင်နေခဲ့ရသလို ၊ ယွန်းလေးကို ချစ်လို့ တွေ့ချင်နေတဲ့ဝန်ထမ်းတွေလည်းမတွေ့ကြရ ။

"ဝါး များကြီးပဲရော"

စာပွဲပေါ်ရှိ မုန့်ထုပ်များကိုကြည့်ရင်းယွန်းလေးက အံ့သြစွာဆိုလာသည် ။

"ဟုတ်ပါ့နော် daddyတို့အပြန်ကျရင် ကားပေါ်အပြည့်ဖြစ်နေတော့မှာ"

"ဖေဖေကဆူတော့မှာပဲ"

"ဘာလို့လဲ"

"ဖေဖေကသူများပေးတာ မစားရဘူးတဲ့ ၊ မုန့်တွေကများကြီး ယွန်းနဲ့မတည့်တာပါလာရင် ဖေဖေကဆူမှာ"

တုနှိုင်းမောင်ဆူမှာစိုးလို့ပြောနေသည့်ပုံစံလေးက အသဲယားစရာကောင်းတာမလို့ မဟာ ယွန်းလေးရဲ့ပါးလေးအားကိုင်လျက် ။

"ဖေဖေကို အဒီလောက်တောင်ကြောက်တာလား"

"ကြောက်တယ် ၊ ယွန်းကြောင့်ဖေဖေစိတ်ရှုပ်ရမှာကိုကြောက်တာ"

"ယွန်းက သမီးလိမ္မာလေးပဲနော်အကို"

"အင်း"

ချိန်းက မဟာနဲ့ယွန်းလေးပြောနေတာကို နားထောင်ရင်း ဝင်ပြောတော့ ၊ မဟာက ယွန်းလေးကိုကြည့်နေလျက်ပင် ခေါင်းငြိမ့်ပြသည် ။

"ယွန်းလေး ဗိုက်ဆာပြီလား"

"daddyရော"

"1နာရီတောင်ထိုးတော့မယ် daddyတို့သွားစားကြရအောင်လေ"

"ဟုတ်"

"အာ ချိန်း မင်းလည်းမစားရသေးဘူးမလား လိုက်ခဲ့မလား"

"ဟုတ်အကို ကောင်းသားပဲ ၊ ဦးလိုက်ခဲ့လို့ရတယ်မလား ယွန်း"

မဟာ့ကိုဖြေပြီး ချိန်းက ယွန်းလေးကိုလှည့်မေးတော့ ယွန်းလေးက မဟာ့ကိုတစ်လှည့် ချိန်းကိုတစ်လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now