Part - 41

28.4K 2.2K 129
                                    

မဟာအိမ်ပြန်ရောက်တော့ ၉နာရီကျော်ပြီ ၊ CCTVကို ထပ်တလဲလဲကြည့်ရင်းအချိန်ကုန်နေခဲ့တာ ဆိုင်ကဝန်ထမ်းလေးက ပိတ်တော့မည်ဟု သတိလာပေးမှ အချိန်ကြည့်မိသည် ။

"အကိုလေး ညစာစားမှာလား အန်တီမြပြင်ပေးမယ်လေ"

"ကျွန်တော်ဗိုက်မဆာဘူး အန်တီမြ"

မဟာ အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ ထွန်းအောင်ရော မင်းထိုက်ရော ရှိနေသည် ။ မဟာဝင်လိုက်ပြီး သူတို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင်အနေအထားဝင်ထိုင်တော့ ။

"ချိန်းနဲ့ညစာအတူစားနေလို့နောက်ကျနေပြန်တာလား"

"အင်း"

ထွန်းအောင်အမေးကို ပြန်ဖြေရင်း မဟာကတစ်ခုခုကိုတွေးနေသည့်ပုံ ။ ခဏကြာသက်ပြင်းသဲ့သဲ့ချသံနှင့်အတူ ။

"သက်နိုင်ဆုံးသွားပြီ"

"ဟင်"

ထွန်းအောင်နဲ့မင်းထိုက်ရဲ့ အမူအယာကို မဟာအကဲခက်ကြည့်နေသည် ။ သူလိုချင်တဲ့အံ့သြမှုမျိုးနှစ်ယောက်လုံးမှာ မရှိနေ ။

"ဘယ်လိုဖြစ်တာလဲ မဟာ"

"မပြောတတ်ဘူး ဘယ်လိုဖြစ်တယ်ထင်လဲ ကိုမင်းထိုက်"

မေးခွန်းကိုမေးခွန်းပြန်ထုတ်လာသော မဟာ ။

"ချက်ချင်းကြီး ဘာဖြစ်တာလဲ"

"ဟုတ်တယ် ချက်ချင်းကြီးဘယ်လိုဖြစ်တာများလဲ"

ထပ်မံပြီး ထွန်းအောင်မေးတော့လည်း ထိုနည်းတူပင် ။

"မဟာ"

"သွားနားတော့မယ် ၊ အာ မနက်ဖြန်နာရေး အဆင်ပြေရင် လာခဲ့ပေါ့ နေ့သစ်ဆေးရုံ"

အဓိပ္ပါယ်တစ်မျိုးဆောင်နေတဲ့ မဟာရဲ့ထိုစကားကြောင့် မင်းထိုက်နဲ့ထွန်းအောင် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည် ။ မဟာကတော့ ထထွက်သွားလေပြီ ။

"တစ်ခုခုများထူးနေတာလား"

"ထွန်း အသိဆရာဝန်ဆီ ဖုန်းဆက်ကြည့်ပါဦးလား"

"အင်း ကိုယ်ခေါ်ကြည့်လိုက်မယ်"

"တုနှိုင်းမောင်ရော သက်သာရဲ့လားမသိဘူး ငါသွားကြည့်လိုက်ဦးမယ်"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now