Part - 40

32.1K 2.2K 102
                                    

စာရင်းအချို့လုပ်ရင်း အလုပ်များနေကြတဲ့ တုနှိုင်းမောင်နဲ့ မင်းထိုက် အနားလေးမှာ ယွန်းလေးက ပုံအရောင်ခြယ်ရင်းထိုင်နေသည် ။

"နှိုင်း ငါတို့ shareတွေထပ်စုထားဖို့လိုဦးမလား ချိန်းဘက်က ထပ်ဝယ်ဖို့လုပ်နေတယ်လို့ ငါကြားထားတယ်"

"လိုလိုမယ်မယ် ရသလောက်ပြန်စုထားကြတာပေါ့"

"အင်း"

"ဖေဖေ"

တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ယွန်းလေးကသူတို့စကားပြောမှသာ ဝင်ပြောလာသည် ။

"သမီး ဘာလို့လဲ"

"မိုးချုပ်နေပြီ daddyပြန်လာသေးဘူး"

"daddyအလုပ်မပြီးသေးလို့နေမှာလေ သမီးရဲ့"

"ဟုတ်"

"အလုပ်ပြီးတဲ့ ဦးဦးက ယွန်းငယ်အတွက်မုန့်တွေဝယ်လာပါတယ်"

"ဦးဦးထွန်း"

ကိတ်မုန့်ထုပ်လေးကိုရမ်းပြရင်း ဧည့်ခန်းထဲဝင်လာတဲ့ ထွန်းအောင်ဆီ ယွန်းလေးကထပြေးသွားသည် ။ ခန္ဓာကိုယ်လေးကသာ ထွားလာပေမယ့် ပေါ့ပါးနေဆဲကိုယ်လေးကို ထွန်းအောင်ပွေ့ချီလိုက်ရင်း ။

"အချွဲလေး"

"ကိတ်စားမယ်"

"ဟုတ်ပါပြီဗျာ"

တုနှိုင်းမောင်နဲ့မင်းထိုက်အလုပ်ဆက်လုပ်နေပြီး ထွန်းအောင်နဲ့ယွန်းလေးက ကိတ်စားနေသည် ။

"အာ"

မင်းထိုက် သူ့မျက်စိရှေ့ရောက်လာတဲ့ ဇွန်းလေးကြောင့် ၊ ထွန်းအောင်ဘက်မျက်နှာလှည့်လိုက်ပြီး

"ငါပြီးမှစားမယ်လေ"

"ဘာဖြစ်လို့လဲ"

"ဒါမပြီးသေးလို့"

"အဒါဘာဖြစ်လဲ လက်က စားရတာမဟုတ်ဘူးလေ ပါးစပ်က စားရတာ"

သူတို့ဖြစ်နေတဲ့ပုံကြောင့် ယွန်းလေးကသဘောကျစွာ တခ်ခ်ထရယ်သည် ။

"စားပါဆို"

"အင်း"

မင်းထိုက်က ဇွန်းကိုယူလိုက်ပေမယ့် ထွန်းအောင်ကလက်နောက်ဆုတ်ပြီး

"ဟ ခွံပေးနေတာကို"

"ထွန်း"

မင်းထိုက်ကရှက်တာကြောင့် ကိုယ်တိုင်ပင်စားဖို့လုပ်နေသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now