အလင်းသစ်ဆေးရုံရဲ့ ရုံးခန်းတစ်ခုထဲရှိ စက်တီဆိုဖာခုံရှည်ပေါ်တွင် မဟာမြတ်သူသည် ညာပေါင်တစ်ဖက်ပေါ်တွင် တင်ထားသော laptopမှ စာရင်းတို့ကိုပြန်စစ်ရင်း အလုပ်လုပ်နေသည် ။
ဘယ်ဘက်ပေါင်ကတော့မအားရှာ ၊ မနေ့ညကတစ်ညလုံး project အသစ်အတွက် စစ်ဆေးချက်တို့ကိုလုပ်လိုက်ရသော T&T Groupရဲ့ ဥက္ကဌကြီးတုနှိုင်းမောင်က ၊ သူ၏ခေါင်းဦးအဖြစ် အပိုင်စားယူထားကာ အိပ်မောကျနေလေရဲ့ ။
မနက် ၁၀ နာရီခွဲ အစည်းအဝေးပြီးကထဲက အနားယူမည်ဆိုကာ မဟာ့ဆီရောက်လာပြီး ထိုအတိုင်းအိပ်နေခဲ့တာ ၊ နေ့လည် ၂နာရီထိုးတော့မည်ဖြစ်သော်လည်း မနိုးလာသေး ။
နေ့လည်စာစားချိန်ကျော်နေပေမယ့် မဟာမနှိုးဖြစ် ၊ ညကအတော်ကိုခေါင်းခြောက်ပြီးပင်ပန်းသွားသည်ဟု ကိုမင်းထိုက်ဆီမှာကြားထားသည် ။
မဟာ့ရဲ့ လက်တစ်ဖက်က laptop ပေါ်တွင်ပြေးလွှားနေသော်လည်း ၊ တစ်ဖက်ကတော့ တုနှိုင်းမောင်ရဲ့ရင်ဖက်ပေါ်တွင် သူ၏လက်တို့နှင့်အတူ သွယ်ယှက်ဆုပ်ကိုင်ခြင်းခံထားရတာမလို့ ငြိမ်သက်လျက် ။
ဒေါက်...ဒေါက်
"ဝင်ခဲ့"
အခန်းတံခါးခေါက်သံကြောင့် မဟာမျက်နှာအနည်းငယ်ပြောင်းသွားကာ ထပ်မံမကြားရစေဖို့ ချက်ချင်းပြန်ဖြေလိုက်သည် ။
"အာ... "
ဝင်လာသောဆရာဝန်ပေါက်စလေးအား မဟာက သူ၏နှုတ်ခမ်းနားကို လက်ညှိုးလေးကပ်လျက် အသံမထွက်စေဖို့ အချက်ပြလိုက်တာကြောင့် ၊ ထိုဆရာဝန်လေးကသဘောပေါက်ကာ ခြေလှမ်းဖွဖွဖြင့်သာ မဟာ့အနားလှမ်းလာလျက် ဖိုင်တွဲတစ်ခုကမ်းပေးလာသည် ။
မဟာလှမ်းယူလျက် စာပွဲပေါ်တင်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တော့ ၊ အလိုက်တသိပင် အသံတိတ်ပြန်ထွက်သွားသည် ။ ထိုစဥ်စာပွဲပေါ်တင်ထားသော တုနှိုင်းမောင်ရဲ့ဖုန်းမှ လင်းလာတာမလို့ မဟာယူကြည့်လိုက်သည် ။
"ငါ့ယောက်ဖဆိုတဲ့ မျောက်စိတ်နဲ့ကောင်"တဲ့ ။
မဟာ ထိုနာမည်မြင်တိုင်း အမြဲရယ်မိသည် ၊ တုနှိုင်းမောင်နဲ့ထွန်းအောင်ဆိုသည်မှာ မတည့်အတူနေ မမြင်ချောင်းကြည့် နှစ်ယောက် ။
KAMU SEDANG MEMBACA
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romansaယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...
