Part - 43

28.8K 2.2K 181
                                    

တုနှိုင်းမောင် ရဲအဖွဲ့နဲ့ထွက်သွားတာနဲ့ ထွန်းအောင်က မဟာဘက်လှည့်ကြည့်ပြီးမှ ၊ မင်းထိုက်ကိုကြည့်လျက်

"ကိုထိုက် သမီးလေးကိုအခန်းထဲခေါ်သွားပေးပါလား"

"အင်း"

မင်းထိုက်က ခေါင်းငြိမ့်ပြပြီး ယွန်းလေးကို ချီလိုက်ကာ

"သမီး ဦးဦးနဲ့သွားဆော့ရအောင်"

"ဖေဖေကကြာမှာလားဟင်"

ငိုမဲ့မဲ့မျက်နှာလေးထက် မင်းထိုက်ကပါးလေးနှစ်ဖက်ကို အသာကိုင်လိုက်ရင်း ။

"မကြာပါဘူး ခဏလေးပဲသွားတာ ဦးဦးနဲ့ဆော့နေမယ်နော် ၊ ယွန်းလေးကလိမ္မာပါတယ်"

"ဖေဖေကနေကောင်းဘူး"

ဖအေကိုစိုးရိမ်နေတဲ့ယွန်းလေးက မျက်ဝန်းလေးတွေက ငွေရောင်လဲ့နေလေပြီ ။

"အိုး ယွန်းလေး က ဖေဖေကိုစိတ်ပူနေတာပဲ ၊ ဖေဖေကလည်းယွန်းလေးကိုစိတ်ပူတယ်တဲ့"

"ဘာလို့လဲ"

"သူ့ကိုစိတ်ပူနေမှာစိုးလို့တဲ့ ဖေဖေကသက်သာပြီး ပျောက်သွားပြီတဲ့လေ"

"ဟုတ်"

"ကဲ ဦးဦးနဲ့သွားဆော့ရအောင် လာ"

မင်းထိုက်က ယွန်းလေးကိုချော့ရင်း ပွေ့ချီကာ ထထွက်သွားသည် ။ ယွန်းလေးနဲ့မင်းထိုက်သွားတော့မှ ထွန်းအောင် မဟာနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လျက်

"ပြောကြည့်ပါဦး"

"ဘာကိုလဲ"

laptopကိုသာ ကြည့်နေတဲ့မဟာက ထွန်းအောင်မေးတာကို ပြန်ပြောပေမယ့် မော့ကြည့်မလာခဲ့ဘူး ။

"ငါမင်းကို နားလည်ခဲ့တယ်မဟာ ၊ လွန်ခဲ့တဲ့ ၁နှစ်ကျော်ကထိ"

ထွန်းအောင်စကားမှာ လှုပ်ရှားနေသော မဟာ့လက်တို့ရပ်သွားသည် ။ ထွန်းအောင်က အေးစက်စွာပင်ဆက်ဆိုလာသည် ။

"ငါမင်းကိုနားလည်တယ် ၊ မင်းဘာကိုပဲလုပ်လုပ် ငါလက်ခံပေးနိုင်ခဲ့တယ် ၊ မင်းကသိပ်အစွဲလမ်းကြီးတတ်သူမလို့ ငါနားလည်တယ် ၊ ဒါပေမယ့် "

"ဒါပေမယ့် အခုနားမလည်ဘူး ၊ အဒီလိုပြောချင်တာလား"

ထွန်းအောင်ပြောရင်း စကားရပ်သွားတော့ မဟာမေးလာသည် ။ ထွန်းအောင်သက်ပြင်းတစ်ချက်ချလျက်

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now