Extra - 1

35.4K 1.9K 213
                                    

တဖြူးဖြူးတိုက်ခက်နေတဲ့ လေပြေလေးတွေထဲမှာ ပင်လယ်ကိုကိုယ်စားပြုတဲ့ဆားရနံခပ်သင်းက လေထုထဲကပ်ပါလာသည် ။ ထိုပင်လယ်ပြင်ကိုမျက်နှာမူလျက် မျက်ဝန်းတို့ကိုမှိတ်ကာ သဘာဝရဲ့အရသာကိုခံစားကြည့်နေသော သူ ။

ဒီနေ့မှ တိမ်စိုင်တွေကြားပုန်းကွယ်နေတဲ့ နေမင်းကြီးကြောင့် အုံ့မှိုင်းမှိုင်းလေးဖြစ်နေတဲ့ ရာသီဥတုလေးက နေရတာ ပိုအေးချမ်းစေသလို ။

ထိုအခိုက်ဘေးဘက်ဆီမှ အလောတကြီးပြေးလာသံကြောင့် မျက်လုံးဖွင့်ကာ လှည့်ကြည့်လိုက်တော့ သူ့ဆီဦးတည်ပြေးလာနေသော သူတစ်ယောက် ။

သူ့ကိုမြင်တော့မှစိတ်အေးသွားသလိုနှင့် မောဟိုက်နေမှုကို ခတ္တမျှရပ်ကာသက်ပြင်းချလိုက်သေးသည် ။ ဘယ်လောက်တောင်မောဟိုက်နေလဲဆိုတာ ဒီလိုအေးချမ်းနေတဲ့ရာသီဥတုမှာ သူသုတ်လိုက်တဲ့နဖူးထက်ကချွေးစတို့က သက်သေ ။

"မောင်..?"

တီးတိုးရေရွတ်ရင်း ထိုနားလေးကို သွားဖို့ခြေလှမ်းစလိုက်စဥ်မှာပဲ ၊ ထပ်မံ၍အပြေးလာသောထိုသူက သူ့အားပျောက်သွားမှာစိုးသည့်အလား သူ၏ရင်ခွင်ထဲဆွဲသွင်းဖက်လိုက်တာကြောင့် အင့်ခနဲပင် ။

"ဘာဖြစ်လို့.."

"မောင် မောင်လေ အချစ်ကိုမတွေ့လို့ လန့်သွားတာ ၊ မောင့်အိမ်မက်ထဲကလို အချစ်ပျောက်သွားမှာမောင်ကြောက်နေတာ မောင်စိုးရိမ်သွားတာ ၊ မောင့်ဆီကနေ အချစ်ထပ်ထွက်သွားမှာကြောက်တယ် မောင်..အချစ်ကိုကာကွယ်မပေးလိုက်နိုင်မှာလည်းကြောက်နေမိတာ"

သူ့စကားပင်မဆုံးသေး ပြောလာသောစကားတို့ကြောင့် မဟာကိုယ့်ကိုကိုယ်အပြစ်တင်မိသွားသည် ။ သမီးလေးနဲ့အတူအိပ်နေကြတာမလို့ မနှိုးတော့ဘဲ လမ်းခဏထွက်လျောက်မိတာ ၊ မောင့်ကိုအခုလိုဖြစ်စေဖို့မဟုတ် ။

ထွန်းအောင်တို့ကလည်း အလုပ်ကိစ္စတွေမပြတ်တာကြောင့် ချောင်းသာကမ်းခြေက ဟိုတယ်မှာပြင်ဆင်စရာတွေစစ်ဖို့လုပ်ရင်း ၊ အဒီကိုပဲ ဟန်းနီးမွန်းအဖြစ်ရွေးချယ်လိုက်တာကြောင့် သူတို့အားလုံးအတူရောက်နေကြခြင်း ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now