Extra - 2

26.4K 1.7K 80
                                    

တစ်ညလုံးမိုးရွာထားတာမလို့ ချမ်းစိမ့်စိမ့်လေးဖြစ်နေတဲ့ရာသီဥတုလေးကြောင့် မနက်ခင်းလေးက အိပ်ရာထဲမှမထချင်လောက်အောင် ဆွဲဆောင်နေသလိုပင် ။

ရာသီဥတုနဲ့ လိုက်ဖက်စွာပင် တိတ်ဆိတ်လွန်းလှသော အိမ်ဝန်းတစ်ခုကတော့ ၊ မနက် ၈နာရီထိုးပြီးနေပြီဖြစ်သော်လည်း မည်သည့်အသံမှ မကြားရသေး ။

အောက်ထပ်က အခန်းတစ်ခုတွင်လည်း တစ်ယောက်ကိုတစ်ယောက်ဖက်လျက် ၊ အခုထိတိုင်အိပ်မောကျနေဆဲဖြစ်တဲ့ ထွန်းအောင်နဲ့မင်းထိုက် ။

အပေါ်ထပ်က အခန်းတစ်ခုတွင်တော့ မဟာ့ရင်ခွင်ထဲ တိုးဝင်အိပ်နေဆဲဖြစ်တဲ့ယွန်းလေးရယ် ၊ မဟာ့အားနောက်မှသိုင်းဖက်ထားတာ အိပ်ပျော်နေဆဲဖြစ်တဲ့ တုနှိုင်းမောင်ရယ် ၊ တုနှိုင်းမောင်လက်မောင်းကိုခေါင်းအုံးကာ သမီးလေးကိုရင်ခွင်ထဲပွေ့ဖက်လျက် အိပ်ပျော်နေဆဲမဟာရယ် ။
အင်း ပြိုင်အိပ်နေသလား မှတ်ရလောက်အောင် အိပ်လို့ကောင်းနေကြဆဲ ။

Ring....

ဘေးဘက် စာပွဲပေါ်မှဖုန်းသံကြောင့် မဟာနိုးလာသည် ။ သူဖုန်းကိုင်မလို့ အနည်းငယ်လှုပ်လိုက်တာနဲ့ သူ့ကိုဖက်တွယ်ထားကြတဲ့ တုနှိုင်းမောင်ရော ယွန်းလေးပါ နိုးသွားကြသည် ။

"အယ် ငါသာသာလေးထတာပါ"

"ဘာဖြစ်လို့လဲ အချစ်"

"ဘာမှမဖြစ်ပါဘူး ဖုန်းကိုင်မလို့လေ"

အဒီတော့မှ တုနှိုင်းမောင်က ဖုန်းသံကိုသတိထားမိကာ

"အာ ကျစ် စောစောစီးစီး ဘယ်ကဖုန်းကလည်းကွာ"

"သဲငယ်လေး daddyကြောင့်နိုးသွားတာလား ၊ အိပ်ချင်သေးရင် ပြန်အိပ်လေ"

"...ဟင့်အင်...မောနင်း daddy"

"မောနီး သမီးလေး"

ထိုအချိန် တုနှိုင်းမောင်က ဖုန်းကိုလှမ်းယူလိုက်ကာ ကြည့်လိုက်ပြီး အံ့သြစွာဖြင့်

"Oh! "

"ဘာဖြစ်တာလဲ"

"၉နာရီတောင်ထိုးတော့မှာ"

"ဟင်"

"ဒီနေ့လည်း မောင်တို့အကြာကြီး အိပ်ပျော်သွားတာပဲ"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now