Part - 42

28.1K 2.2K 100
                                    

လိမ်တာကိုမုန်းတယ် တုနှိုင်းမောင် ။
အထူးသဖြင့် မင်းလိမ်ရင်ငါပိုမုန်းတယ် ။မုန်းလွန်းလို့ သေမတတ်ဘဲ ။

မဟာ တုနှိုင်းမောင်နဲ့စကားများပြီး အခန်းဆီတက်ခဲ့လိုက်သည် ။ ရင်ခွင်တစ်ခုလုံးဗြောင်းဆန်အောင်ပူလောင်နေမှုက ထိန်းမရစွာ ၊ ကုတင်ထက်ထိုင်နေမိတာ ဘယ်လောင်ကြာလဲမသိ ၊ ဘယ်လိုမှပြန်ထိန်းမရတဲ့ စိတ်တွေက ပူလောင်လွန်းတယ် ။

ဘေးမှ အံဆွဲထဲမှ သောက်နေကျအိပ်ဆေးဗူးကို ယူလျက် ထုံးစံအတိုင်း ၁လုံးသောက်လိုက်သည် ။ အိပ်ချင်လာမှာပဲဆိုတဲ့စိတ်နဲ့ထိုင်နေပေမယ့် ဘာမှထူးမလာဘူး ။ နာရီကြည့်မိတော့ ၄ နာရီကျော်ရှိပြီ ၊ တစ်နေကုန် ပင်ပန်းလို့နားချင်နေပေမယ့် မျက်ဝန်းတို့က မှိတ်မရခဲ့ဘူး ။

မသောက်သင့်တာသိပေမယ့် နောက်ထပ် ၁လုံးထပ်ယူပြီးသောက်လိုက်ကာ သက်ပြင်းတို့ကိုအထပ်ထပ်ချနေရင်း ၊ ခဏကြာမှ အိပ်ပျော်သွားသည် ။

ထိုနည်းတူ ခြံထဲကခုံတန်းပေါ်တွင် တုနှိုင်းမောင်သည်လည်း တစ်ညလုံးထိုင်နေခဲ့သည် ။

"သူဌေး"

အန်တီမြကအသံနဲ့အတူ တုနှိုင်းမောင်အနားပြေးလာသည် ။

"သူဌေးအစောနိုးနေတာလား"

မေးပြီးမှ တုနှိုင်းမောင်ပုံစံကို သတိပြုမိသွားကာ

"မ မဟုတ်မှ တစ်ညလုံးထိုင်နေခဲ့တာလား"

"ဒီလိုပါပဲ ဘယ်အချိန်ရှိပြီလဲ"

"၆နာရီထိုးပြီးပြီ"

"သမီးလေးနိုးနေတော့မှာပဲ"

ပြောပြောဆိုဆို ယိုင်တိုင်တိုင်နဲ့ထသွားသော တုနှိုင်းမောင်ကို အန်တီမြဘာလုပ်ပေးရမှန်းမသိတော့ ။

"သမီးလေး"

"ဖေဖေ"

တုနှိုင်းမောင်အိမ်ထဲဝင်လိုက်တော့ ယွန်းလေးက လှေကားပေါ်ကဆင်းလာသည် ။ သူ့ကိုမတွေ့လို့များလား ဆင်းလာတဲ့သမီးလေးကလက်လှမ်းလာတာကြောင့် တုနှိုင်းမောင် ဆီးယူပွေ့ချီထားလိုက်သည် ။ ခေါင်းထဲမူးဝေသွားပေမယ့် ဟန်ဆောင်ထိန်းထားရင်း သမီးလေးကိုသာပွေ့ဖက်ပေးထားသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now