Chapter 5 - Transformation 1

4.3K 308 6
                                    

ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာတာလဲ မင်းကြောင့်...
ကိုယ့်ရဲ့ ကောင်းခြား အဖြာဖြာက မင်းနဲ့ပဲ သက်ဆိုင်တယ် 'ချမ်း'
ကိုယ့်ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲပေးလို့ ... ကျေးဇူး...

*  *  *  *  *  *

ရန်ကုန် ကွန်ပြူတာ တဣသိုလ်
First Semester စာမေးပွဲကြီး ဖြေရန်၊ တစ်လအလို...

အိမ်မှ မိဘက ဖိအားပေးလို့ ဒီကျောင်း တက်ခဲ့ရတဲ့သူပဲ ဖြစ်ဖြစ်၊ အမှတ်မီရာ တက်လိုက်လို့ ဒီကျောင်း ရောက်လာတာပဲ ဖြစ်ဖြစ်၊ တကယ် ရည်မှန်းချက်တွေ ရှိလို့ လာတက်တဲ့သူပဲဖြစ်ဖြစ်..

စာမေးပွဲ အချိန်ရယ်လို့ ရောက်လာရင် ပူပင်ရမှုက ကျောင်းသားအားလုံး တူတူသာ။ အထူးသဖြင့် စာမေးပွဲဖြေရန် တစ်လလောက် အလိုတွင်၊ ကျောင်းကြီး၏မိတ္တူဆိုင်တိုင်းမှာ၊ ကျောင်းသားများက အပြည့်နဲ့။ လိုအပ်တဲ့ Old Questions တွေ၊ အတန်းပြေး ကျောင်းပြေးတုန်းက လွတ်ခဲ့တဲ့ စာတွေကို၊ ခုမှ အသည်းအသန် Copy ကူးရတဲ့ အချိန်အခါ။

ဒီလိုချိန်ထိ ကျွတ်တမ်း မဝင်နိုင်ကြသေးတဲ့ တစ်ချို့သော ကျောင်းသားများကတော့ ဆန့်ကျင်ဘက်ပင် လမ်းသလားနေဆဲ။

ပထမနှစ်တန်းတွေရဲ့ 101 အခန်းရှေ့မှာတော့... ချမ်းမှာ နာရီတစ်ကြည့်ကြည့်နဲ့၊ သူငယ်ချင်းကောင်းကြီးနှစ်ကောင်ကို စောင့်နေရ၏။

"ဟေ့ မွန်သားလေး The Whole Roll 1 လေး
ကိုယ်တို့ ရောက်ပြီနော်"

လူမလာခင်ပင်၊ အသံကအရင် နှိပ်စက်ကာ ရောက်ရှိလာသူက လင်းလက်ကြယ်စင်။ ပြီးတော့ ငလင်းရဲ့နောက်ကမှ မဟာမြင့်မြတ်။

"မင်း အသံကြီး တိုးတိုးနေစမ်း! အာဗြဲကောင် ဘယ်မှာလဲ? ငါ မှာလိုက်တဲ့ လိုအပ်တာတွေ အကုန် မိတ္တူ ကူးလာပြီးပြီလား?"

"ဟောဒီမှာ လိုအပ်တဲ့စာရွက်တွေ အကုန် မိတ္တူကူးပြီးပါပြီဗျ"

"မဟာ့ အတွက်ကော?"

နာမည်ကြားလိုက်လို့ထင်၊ မဟာမြင့်မြတ်က သူ့ကို လှည့်ကြည့်လာသည်။ ဟိုတစ်လောတုန်းက ပူပူနွေးနွေး အဖြစ်အပျက်ကြောင့်ရယ်လား မသိ၊ မဟာ့ကို မြင်တိုင်း၊ ရင်ထဲ တစ်မျိုးကြီး ခံစားနေရ၏။

ချမ်း (オレの愛)【Completed】Where stories live. Discover now