Chapter 1 - The Beginning

12.4K 411 26
                                    

ကိုယ့်လို ဘယ်သူမှ သံယောဇဥ် မထားတတ်တဲ့ လူတစ်ယောက်ကို ငြိတွယ်မှုတွေ စတင်ပေးနိုင်ခဲ့တဲ့ ပထမဆုံးသောသူက မင်းပါ 'ချမ်း'...

-----------------*------------------

"ဟျောင့်...​​မြတ်ကြီး
ကျောင်းသားသစ် နောက်တစ်ယောက် လာတယ် ထင်တယ်ကွ။ အဆောင်ရှေ့မှာ အထုပ်ပိုးတွေ ချနေတာ တွေ့တယ်"

ဒီနေ့က 'နိုင်' အဆောင်သို့ ပြောင်းရွှေ့ကာနေမဲ့ ပထမဆုံးသောနေ့။ အထုပ်အပိုးတွေကို နေရာတစ်ကျ ဖြေချနေစဉ်မှာပင်၊ 'မဟာမြင့်မြတ်' ရဲ့ ပခုံးကိုဖက်ကာ ဆိုလာသူက၊ မူလတန်းတည်းက​ ပေါင်းလာတဲ့ စပ်စုစိန်,သူငယ်ချင်း 'လင်းလက်​ကြယ်စင်..'

"အေး အဲဒီတော့ ..."

"ဟ! မင်းကလဲကွာ အမြဲတမ်း ဒီလိုဘဲ။ တုံဏိဘာဝေ အေးတိအေးစက်ကောင်"

"ငါ ... အလုပ်ရှုပ်နေလို့"

"အေးပါ မောင်အသန့်လွန် မင်းမဟာသန့်ရေ.. မင်းက ပတ်ဝန်းကျင်ကို နည်းနည်းမှ စိတ်မဝင်စားဘူး။ နောက်ကျ ကိုယ့်အဆောင်သား သူငယ်ချင်းတွေ ဖြစ်လာမဲ့ဟာကို...တော်ပြီ.. အပေါ်ထပ်က ဘော်ဒါတွေဆီဘဲ Go တော့မယ်...မင်းလို အေးတိ​အေးစက်ကောင်နဲ့ စကားမပြောတော့ဘူး "

"..."

ဒီကောင်က မဟာမြင့်မြတ်နဲ့ ဆန့်ကျင်ဘက်ပင်။ social ကျတယ်၊ ပျော်ပျော်နေတတ်တယ်။ ဒါပေမဲ့ လင်းလက် ပြောသလို သူက အသန့်လွန်နေတာတော့ မဟုတ်ပေ။ ကိုယ် နေရမဲ့အခန်းမှ သပ်သပ်ရပ်ရပ် ရှိမနေရင် ဘယ်လိုမှ အိပ်လို့ရမှာ မဟုတ်လို့။ အဆောင် ရောက်ရောက်ချင်းကတည်းက မနားဘဲ သန့်ရှင်းရေး လုပ်နေရတာပင်။ ခု​တော့ ပြီးသလောက်ရှိပြီမို့၊ ပစ်ရမဲ့ အမှိုက်တွေကို သက်သက်စုပြီး၊ အခန်းအပြင်ဘက်သို့ ထွက်ဖို့ရန် ပြင်လိုက်တယ်။

ထိုစဉ် မဟာမြင့်မြတ်ရဲ့ အခန်းရှေ့တည့်တည့်၊ တစ်နည်း သူတို့အဆောင်ရဲ့ Main တံခါးပေါက်ရှေ့မှာ အထုပ်အပိုးများစွာနဲ့၊ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက အဆောင်တွင်းသို့ စမ်းတဝါးဝါးပုံစံနဲ့ လျှောက်ဝင်လာသည်။ မဟာ့ အခန်းနဲ့ဘေးကပ်ရပ် အခန်းနံပါတ် 8 ရှေ့ထိသို့၊ အထုပ်တွေ ဆွဲလာသည်။

ချမ်း (オレの愛)【Completed】Where stories live. Discover now