Chapter 45 - Like Strangers

1.9K 110 2
                                    

'ဒုန်း ...........!'

အခန်းတံခါးကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်လိုက်သံ...ပြီးတဲ့နောက်...

"မဟာမြင့်မြတ်! မင်း .. ဒါက ဘာသဘောလဲ?"

"ဘာဖြစ်လို့လဲ?"

ဆုံလည်,ကုလားထိုင်ထက်မှာ ခပ်မတ်မတ် ထိုင်ရင်း လှောင်ပြုံးတစ်ခုကို ခိုတွဲထားကာ ကြိုဆိုနေသူက တခြားလူ မဟုတ်ဘဲ မျိုးမြင့်မြတ်ရဲ့ သားအရင်း မဟာမြင့်မြတ်။ ထီမထင်မျက်နှာပေးနဲ့ သားဖြစ်သူကို မြင်ပြီး၊ ဦးမျိုးမြင့်မြတ်မှာ ဒေါသတွေ အလိပ်လိပ် ထွက်လာမိသည်။

"မြန်မာနိုင်ငံကို ပြန်ရောက်,ရောက်ချင်း ဒါတွေက ဘာအချိုးလဲကွ ! ဟင် !"

"ဟက်...ဖေကြီး ကြိုက်သလို တွေးပါ"

"မင်း ...!"

"မြတ် group က တစ်နေ့ကျရင် ကျွန်တော်ပဲ ဆက်ခံရမှာဆို... ခုကျတော့ ဘယ်လိုလဲ? ဖေကြီးရ"

"..."

"တကယ်တမ်းကျ ဒီမြေကွက်လေးတစ်ခုတောင် မပေးချင်ဘူးလား ?"

မဟုတ်ဘူး ... အဲလို ...

တကယ်တမ်း ကောင်းကောင်းမွန်မွန် ပြောပြီး တောင်းဆိုရင် ဘယ်လောက်ပဲ ဒီမြေကွက်ကို လိုလို၊ ဒီအဖေက မပေးဘဲ နေပါ့မလား။ သားဖြစ်သူက ဘာမှ တိုက်တွန်းစရာ မလိုဘဲ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် စီးပွါးရေးကို စိတ်ဝင်စားလာခဲ့တယ်ဆို၊ မျိုးမြင့်မြတ်တို့က အစွမ်းကုန်ပင် ပံ့ပိုးပေးလိုက်အုံးမယ်။ သားဖြစ်သူနဲ့ ပြိုင်စရာ ဘာအကြောင်းမှကို မရှိ။ မျိုးမြင့်မြတ်ဆိုတဲ့ သူ့မှာ 'မဟာမြင့်မြတ်' ဆိုတဲ့ ဤသားတစ်ယောက်သာ ရှိသည်။ သားဖြစ်သူ တော်နေ၊ ထက်နေတာကို မမြင်ချင်တဲ့ မိဘရယ်ဆိုပြီး ရှိပါ့မလား? လူတွေကြားထဲ 'ဒါက ငါ့သား' ဟူ၍ သူက ပိုပြီး ဂုဏ်ယူဝံ့ကြွားချင်သေးသည်။

ခုကျတော့ အဖေ ဖြစ်သူကို လုပ်သွားတဲ့ အချိုးကို ကြည့်။ လုပ်ငန်း ချဲ့ထွင်ဖို့ အဆောက်အဦးနေရာ၊ အိမ်ခြံမြေ လေလံပွဲမှာ သူတို့ 'မြတ်' ဂရုနဲ့ အပြိုင် လေလံဆွဲပြီး၊ နိုင်သွားတဲ့လူက သူ့သား မဟာမြင့်မြတ်တဲ့။ သူတို့ပတ်သက်မှုကို သိနေကြတဲ့ မိတ်ဆွေတချို့ကြား ဒီသတင်းကြောင့်၊ မျက်နှာပင် မထားတတ်အောင် အရှက်ရခဲ့ရသည်။

ချမ်း (オレの愛)【Completed】Where stories live. Discover now