Extra - You r my only exception

1.4K 79 7
                                    

ဒီစံအိမ်က ကြီးသလောက် အခန်းက သိပ်မကျယ်ပေ။ တံခါးနားက ခြေလှမ်းတွေသည် ရင်တထိတ်ထိတ်နဲ့ပင် လှမ်းလာလျက်၊ အခန်းထဲက ကျွန်းကုတင်ရှိရာဆီသို့အရောက် တုန့်ခနဲဖြစ်သွားသည်။ အဖြုရောင်မွေ့ရာထက်မှာ သက်ရှိလူတစ်ဦး ရှိနေခဲ့သည်။ မဟုတ်ဘူး.. တိတိကျကျပြောရမယ်ဆိုရင် မိန်းမပျိုနှစ်ယောက်..

ထိုမိန်းမနှစ်ယောက်က မေ့မျောနေတဲ့ပုံပေါ်ပြီး၊ အဝတ်အစားများက ဖရိုဖရွဲနဲ့သာ။ သူ(မ)တို့နှစ်ယောက်၏ မလုံမခြုံဖြစ်နေတဲ့ခန္ဓာကိုယ်ထက်မှာ ဂွမ်းစောင်က လွှမ်းခြုံခြင်းခံထားရလျက်။ စောင်ထဲမှာ တစ်ကိုယ်လုံးကမြုပ်နေလျက် မျက်နှာပြင်သာ ဖော်ထားခံရတဲ့အခြေအနေ။

ထိုမြင်ကွင်းကို မြင်ရတော့ အခန်းလေးထဲ သက်ပြင်းဖွဖွ ရှိုက်ထုတ်သံတစ်ခုက ထွက်ပေါ်လို့လာသည်။ ကုတင်ကစ၍ အခန်းတစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်သည်။ တစ်ခန်းလုံးကို အနီရောင် မီးမှိန်ဖျော့ဖျော့က လွှမ်းမိုးထားပြီး၊ Love Hotel တွေက အခန်းတွေအတိုင်းပင် လိင်စိတ်ကိုကြွစေတဲ့ ပြင်ဆင်မှုကရှိသည်။ လမ်းတစ်လျှောက်လုံး တခြားလူတွေ၏ပြောဆိုပုံကို ကြားခဲ့ရတဲ့အတိုင်းသာဆို ဤအခန်းထဲမှာ မဟာ ရှိနေလိမ့်မည်။ သို့သော် အနှီကုတင်ပေါ်မှာတော့ မဟာ့ကို မတွေ့ရပါ။ ဒါဆို...ရေချိုးခန်း။

ရေချိုးခန်းဘက်သို့ ခြေလှမ်းတွေကိုဦးတည်ပြီး၊ တကယ်ကိုဆုတောင်းမိသည်။ သူ ထင်ထားသလို အဆိုးဆုံး အခြေအနေတစ်ခု မဖြစ်နေပါစေနဲ့လို့ပင်။

မဟာ့ စိတ်ဓာတ်က မပျော့ညံ့မှန်း သိရှိထားသော်ငြား၊ ယခုလို ဖိအားပေးခံရတဲ့အခြေအနေမျိုးနဲ့သာဆို ဒေါသထွက်ပြီး တစ်ခုခု လုပ်ပစ်လိုက်မှာကို သူ စိုးရိမ်သည်။

'ဒေါက်... ဒေါက်'

"မဟာ... မင်း အဲမှာရှိနေလား?"

ပြန်ဖြေသံ မကြားရပေမဲ့ မဟာမြင့်မြတ် အထဲမှာရှိနေတာကို ထူးဆန်းစွာပင် ခံစားမိသည်။

"မဟာ... ငါပါ။ ငါ... ရောက်လာပြီလေ"

"ကို...ငါ့ကို တံခါးဖွင့်ပေးပါ။ မင်း .. အထဲမှာရှိနေမှန်း သိတယ်"

ချမ်း (オレの愛)【Completed】Where stories live. Discover now