Chapter 37 - One sided Love

1.8K 110 4
                                    

"နိုး ပြီ လား?"

တစ်ကိုယ်လုံး ဟိုနေရာ,ဒီနေရာကနေ၊ နာကျင်မှုတွေကို ခံစားနေရသော်ငြား၊ စောစောထဖို့ အကျင့်ပါနေတဲ့မျက်လုံးတွေအရ ဒီ့ထက်ပိုပြီးကြာကြာ ဆက်မအိပ်နိုင်တော့။ မျက်လုံးနှစ်လုံး မပွင့်သေးခင်မှာပင် သူ့မျက်နှာအနှံ့ ဖွဖွညင်သာစွာ ထိတွေ့နေတဲ့လက်တစ်စုံကို ဆွဲယူလိုက်တော့ ကြားလိုက်ရတဲ့ အဲဒီ လေသံ,သြရှရှ။

"အင်း .... ဘယ်နာရီရှိသွားပြီလဲ?"

"ရှစ် နာ ရီ"

အမေးနဲ့အတူ၊ စက္ခုအာရုံကို ဖွင့်,ဖွင့်ချင်းပင် မြင်လိုက်ရတာက သူ့အတွက် ဘယ်တော့မှ ကြည့်လို့ မရိုးနိုင်မဲ့ သက်ရှိပန်းချီကားတစ်ချပ်ကိုပင်။

"နိုး​နေတာကို မ,ထသေးဘဲ ဒီလိုကြီး ငါ့ကို တစ်ချိန်လုံး ကြည့်နေတာလား?"

"အင်း"

မျက်လုံး တစ်ချက်မရွေ့ဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့တဲ့ မဟာမြင့်မြတ်ကို တစ်ချက် အသဲယားသွားမိသည်မို့၊ မျက်လုံးချင်းဆုံအောင် စိုက်ကြည့်လိုက်ကာ..

"ဘယ်လိုလဲ? ခုကော ကြည့်လို့ဝပြီလား?"

"ဟင့် အင်း"

"ဟ ဟ"

အတန်ကြာတဲ့အထိ ဘေးကနေ လက်ထောက်ပြီးကြည့်နေဆဲဖြစ်တဲ့ မဟာ့ရဲ့အကြည့်တွေက သေချာပေါက် သူ့ရဲ့လည်တိုင်ဆီကနေ ညှပ်ရိုးတစ်လျှောက်ဆီသို့သာ။

"ကြည့်တာတော်တော့ ငါ ဗိုက်ဆာနေပြီ"

"..."

"တကယ် ... ခုချိန် လက်ချောင်းတစ်ချောင်းရွေ့ဖို့တောင် အားမရှိတော့ဘူး။ ငါ့ကို အဲလိုဖြစ်အောင် မနေ့က တစ်မနက်လုံးနဲ့၊ ညလုံးပေါက် ဘယ်သူလုပ်ထားတာလဲ? ပြော"

"..."

"မင်း အရင်ကထက် တော်တော်ဆိုးလာတယ်၊ တကယ် အကိုတော် မဟာမြင့်မြတ်၊ ဒီလိုသာ ရှေ့ဆက်သွားမယ်ဆို လုံးဝ မရဘူး။ Control yourself more later, OK ? "

"ကိုယ် မထိန်းနိုင်ဘူး"

"ဘာ !"

"အဟွန်း..."

​ပြန်ပြီး ဖြေလာတဲ့ စကားကြောင့် မကျေမနပ်,ရန်တွေ့မယ် ဟန်ပြင်နေစဥ်မှာပဲ...

ချမ်း (オレの愛)【Completed】Tempat cerita menjadi hidup. Temukan sekarang