Chapter 18 - No

2.2K 174 2
                                    

ခုကစလို့ ငါတို့နှစ်ယောက်ကြားမှာ လျို့ဝှက်ချက် မရှိ၊ အလိမ်အညာ၊ အကြောင်းပြချက် မရှိတဲ့ ဆက်ဆံရေးကိုဘဲ လိုချင်မိတယ်။ မင်း ကတိပေးနိုင်မလား ?

Just All i want is
No Secrets,
No Lies,
No Excuses between us...

-------------------------*-------------------------

"ကဲ အဟမ်း အသဲနှစ်ကောင် ဘယ်လိုကနေ ဘယ်လိုတွေဖြစ်ပြီး၊ ပြေလည်ကုန်ကြလဲဆိုတာ? ဒီဖေကိုယ်ကိုလဲ နည်းနည်းစီ ရှင်းပြကြပါအုံး"

"အန်း အဲဒါက ဒီလိုနဲ့ပဲ"

"အော် မွန်လေး ဖေ့သားလေး ရှင်းပြလိုက်တာ ဒီ​ဖေကိုယ် အရမ်းကို ရှင်းသွားပြီ"

UCSY ကန်တင်းရဲ့ချောင်ကျကျ ဆိုင်တစ်ဆိုင်ရဲ့လူရှင်းတဲ့ ဝိုင်းတစ်ခုမှာဖြစ်၏။ လင်းလက် မျက်နှာကြီးတည်စွာဖြင့်၊ ရှေ့မှ သူငယ်ချင်း နှစ်ကောင်ကို အစ်အောက်မေးနေမိခြင်း။ ဟိုတစ်ပတ်က O2 တီချယ့်အတန်း ရှိလို့၊ နံနက်ခင်း အတန်း မလာမနေရ! စောစောလာခဲ့!ဆိုပြီး ပြောသွားသော မွန်လေး။ ဒါပေမဲ့ နှစ်ယောက်လုံးက နံနက်ခင်းတစ်ပိုင်းလုံး ကုန်သည်အထိ၊ ကျောင်းသို့ ရောက်မလာကြသောကြောင့်၊ လင်းလက် မကျေမနပ် ဖြစ်နေမိခြင်းပင်။

"ဆောရီးပါကွာ လင်းရာ မင်း ဘာစားချင်လဲ? ဒီဝိုင်း ငါ ရှင်းမယ် ကြိုက်တာသာ မှာစား"

သူတို့နှစ်ကောင် ရင်ကြားစေ့ဖို့၊ ဒီလောက်တောင် ကြိုးပမ်းထားရတာ။ ဒါလေးနဲ့ ရမလား?
လင်းလက်ကို ဘာထင်နေလဲ အဟမ့်

"တော်စမ်းပါ ငါ့ကို အဆောင်မှာ တစ်ယောက်ထဲ ထားသွားတာကော။ အတန်းတက်မယ်ဆိုပြီး ဂျင်းထည့်သွားတာကော မင်းတို့ နှစ်ယောက်လုံးကို လုံးဝ မကျေနပ်နေဘူး နော် မွန်လေး"

စကားတောင်စား လင်းလက်ကို မွန်စဝ် ဆက်မပြောနိင်တော့။ ဒါကြောင့် စစ်ကူသဘောအနေဖြင့်..

"မဟာ ကူပြောပေးဦး"

ဆိုင်သို့ စရောက်ထဲက ချမ်းအတွက် နွားနို့ပူပူနဲ့ ပေါင်မုန့်ကြက်ဥကြော်ကို မှာပေး၊ ရလာတော့လဲ ပူနေတာအေးအောင်ဆိုပြီး၊ ဇွန်းနဲ့မွှေပေးနေတဲ့ မဟာမြင့်မြတ်က လင်းလက် စကား စပြောကတည်းက အဖက်ပင် မလုပ်ပေ။ သို့သော် ချမ်းမှ တစ်ခွန်း ခေါ်လိုက်သည်နှင့်၊ ချက်ချင်း လှည့်ကြည့်လာခဲ့၏။

ချမ်း (オレの愛)【Completed】Where stories live. Discover now