Chapter 11 - It's you

2.2K 181 0
                                    

Henry ရဲ့ It's you သီချင်းစာသားထဲကလိုပေါ့
you're the right time at the right moment တဲ့
အရင်တုန်းကသာဆို
အဲဒီစာသားရဲ့အဓိပ္ပါယ် ကို
ကိုယ် နားလည်နိုင်မှာ မဟုတ်ဘူး ဒါပေမဲ့..

လူတွေအားလုံးမှာ သူတို့အတွက် ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ Soulmate ရှိမယ်ဆိုတာ

မင်း ကို မြင်လိုက်ရပြီးတဲ့နောက်
ယုံကြည်လိုက်ရတယ်...ချမ်း'

----------------------*---------------------

ဘာမှ မပြောနိုင်တော့တဲ့အဆုံး မဟာ စိတ်လေလေနဲ့သာ၊ အနှီ အခွီလူသားနဲ့ အရီလူသားကို ပါရမီ ထိုင်ဖြည့်ပေးဖို့ တွေးလိုက်မိသည်။

"သီ ချင်း ဆိုကြရအောင်။ ငါတို့ ဂီတာ မတီးတာတောင် ဘယ်လောက်ကြာပြီလဲ? လာကွာ တီးရအောင်"

အခွီစခန်းကနေ အတီးစခန်းသို့ ရုတ်တရက် ထဖောက်ကာ ပြောလာသူက လင်းလက်။ ထိုသည်ကို ငမူးပါး​လေး ချမ်းကလဲ အားရပါးရ ထောက်ခံ၏။

"အေ့..ဟုတ်တယ် ငလင်း is Right ! ဒီလို ညချမ်းယံ အချိန်အခါ ကောင်းလေးမှာ ဘီယာကလေးရယ်၊ သီချင်းသံလေးရယ် အို့ ကောင်းလေစွ..ကောင်းလေစွ"

မရတော့။ လုံးဝကို မရတော့။ ဘိုလို မှုတ်တာတွေကော နတ်သံနှောသံတွေပါ၊ ပါဝင်လာပြီ ဖြစ်တဲ့ ချမ်း စကားသံလေးကို ကြားပြီးနောက်၊ မဟာ တကယ်ကို နှစ်ခြိုက်စွာနဲ့ပင် ရယ်မိသည်။

"မင်းက ဘာ ထ ရယ် တာ? အကိုတော် မဟာမြင့်မြတ် ခင်ဗျား ဆိုရမှာ ဒီညအဖို့ ကျနော်တို့နားထောင်ဖို့ ခင်ဗျား တီး! ခင်များဆို ရော့"

ကုတင်ဘေးဘက်မှာ ထောင်ထားတဲ့ ဂီတာကို ချမ်းက လှမ်းယူသည်။ မဟာ့ကို ကမ်းပေးကာ ချစ်စဖွယ် စကားဆိုလာတဲ့ ချမ်းကြောင့် မဟာ သဘောတကျ ပြုံးရင်း၊ အမူးပါးလေး ပေးတာကို လှမ်းယူလိုက်သည်။ ထို့နောက် ဂီတာပေါ် လက်တင်ကာ ဝဲဘက်ရင်အုံရဲ့မိန့်စေရာအတိုင်း၊ ကိုက်ညီတဲ့ သံစဥ်တေးသွားတစ်ခုကို စတင် တီးခတ်လေတော့သည်။

🎸🎸🎸

Baby I'm falling head over heels
(မင်းနဲ့ပတ်သက်သမျှ အရာအားလုံးကို
က်ုယ်တော့ချစ်မိနေပြီ)

ချမ်း (オレの愛)【Completed】Where stories live. Discover now