ဟာချမ်း

1.5K 57 1
                                    

<<< မင်းမွန်စဝ်သော် (ခ) ချမ်း >>>
ချမ်းဟာ သူ့ဘာသာသူဆို လုံးဝယောက်ကျားပီပီသသနေတတ်ပြီး မိန်းကလေးတွေပဲကြိုက်တတ်တဲ့သူပါ။ အပြောအဆိုအမူအရာဘာမှ နွဲ့တတ်တဲ့သူမဟုတ်ဘူး။
ဒါပေမဲ့ မဟာ့ရှေ့ရောက်ရင်တော့ ပြောင်းပြန်ပဲ အမြဲကလေးတစ်ယောက်လို၊ ငဆိုးလေးတစ်ယောက်လိုဖြစ်သွားတတ်တယ်။

ဒါပေမဲ့....Chapter 14 - Never Not ရဲ့အခန်းအစပိုင်းမှာ Masturbation လုပ်နေတဲ့ကောင်လေးဟာ ချမ်းပါ။ Chapter 22 - Wild အခန်းမှာတုန်းက VD တွေကြည့်ပြီးမဟာ့ကိုတွေးနေမိတာကလဲ ချမ်းပါဘဲ။

ပြောချင်တာက ချမ်းဟာ မဟာမြင့်မြတ်ကိုချစ်မိသွားတာကလွဲရင် သူလိုငါလို ယောက်ကျားလေးတစ်ယောက်လိုပါဘဲ ဆိုတာကိုသိစေချင်တာပါ။

ရည်မှန်းချက်ကြီးတယ်၊ ကြိုးစားတယ်။
ချစ်ရသူနဲ့အတူနေနိုင်ဖို့ ရည်မှန်းချက်မြင့်မြင့်ထားတတ်တယ်။

မဟာမြင့်မြတ်ဟာ မိန်းကလေးတစ်ယောက်မဟုတ်ခဲ့တာကလွဲရင် ချမ်းလုပ်ခဲ့တာအားလုံးက ယောက်ကျားကောင်းတစ်ယောက်ရဲ့လုပ်ရပ်တွေပါဘဲ။
(* ကျွန်တော့်အရေးအသားလိုအပ်မှုကြောင့် ချမ်းရဲ့ဇာတ်ကောင်ကို နွဲ့နှောင်းတယ်ထင်မိသွားမှာစိုးလို့ပါ)

<<< မဟာမြင့်မြတ် >>>
Broken family က လာတဲ့သူမို့ သူ့မှာအေးစက်မှုကလွဲရင် အချစ်မရှိဘူး၊ ဘဝရည်မှန်းချက်တွေမရှိဘူး။
(broken family ကလာတဲ့လူတွေတော်တော်များများ ယေဘုယျအားဖြင့် two types ကွဲသွားလေ့ရှိကြတယ်။ တစ်မျိုးက အချစ်နဲ့အိမ်ထောင်ရေးကိုမယုံကြည်လို့ လုံးဝကိုမထိမတွေ့တာမျိုး။ နောက်တစ်မျိုးကြ မယုံဘဲနဲ့ စိတ်ပျော်ရာသက်သက် Playboy လုပ်တာမျိူးပေါ့)

မဟာကတော့ ပထမ type မျိူးပေမဲ့ ချမ်းကိုတွေ့လိုက်ရပြီးတဲ့နောက် သူ့ဘဝက တစ်ချိုးတကွေ့ ပြောင်းလဲသွားခဲ့တယ်။
ချမ်းကို ပိုင်ဆိုင်ချင်လာတယ်၊ ကာကွယ်ပေးချင်လာတယ်။ ဒါကြောင့် ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားဖို့ ရည်မှန်းချက်တွေရှိလာတယ်။

ဒါပေမဲ့ ချမ်းဘက်က လမ်းခွဲစကားပြောလိုက်တုန်းက သေမလိုဘဲခံစားလိုက်ရတယ်။
ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ စုံစမ်းပြီးလို့အကုန်သိသွားတာတောင်၊ ချမ်းကိုယုံကြည်တာတောင် မသိစိတ်ထဲကသံသယတစ်ချို့ကြောင့် ဖရန့်နဲ့ချမ်းကို စမ်းသပ်ဖို့စဥ်းစားလိုက်မိသေးတယ်။

ချမ်း (オレの愛)【Completed】Where stories live. Discover now