Chapter 24 - Invade your space

2.3K 157 0
                                    

* This part contains a little bit of age-limited warnings!

-------------------------*----------------------

စတင်ရန် ခက်ခဲလွန်းလှတယ်လို့ တွေးထင်ခဲ့ဖူးတဲ့ ကိစ္စတွေက တစ်ခါတစ်ရံ မသိလိုက်ပါဘဲ ပြီးဆုံးသွားတာမျိုး ရှိတတ်တယ်။ ခုလိုမျိူးပေါ့။

နှစ်ခြိုက်စွာ အိပ်ပျော်နေသူရဲ့ မျက်နှာကို ကြည့်ပြီး၊ ရင်ထဲမှာ ကြည်နူးမှုများက တစ်သိမ့်သိမ့်နဲ့။ သူများတွေနဲ့ မရောနှောဘဲ သီးခြားဆန်စွာ,နေတတ်သော၊ သူငယ်ချင်းတွေကြားမှာ အေးတိအေးစက်ကောင်လို့ အ​မြဲ ကင်ပွန်းတပ်ခြင်းခံရတဲ့ ဤလူတွင် မ,ထင်မှတ်ထားသော Dark Sides တွေလဲ ရှိနေတာပါလား။

'ငါ့ကို ချစ် ဖို့ ကောင်း တယ် တဲ့
အဟက် ...တကယ် ချစ်ဖို့ကောင်းတာက မင်း
လူကသာ ထွားနေတာ စိတ်က ကလေးစိတ်နဲ့ ဟွန်း'

မျက်နှာပေါ်မှ အစိတ်အပိုင်းတစ်ခုချင်းစီက နေရာတကျ သေသပ်ကျနစွာ တည်ရှိနေလျက်။ မဲနက်နေတဲ့ မျက်ခုံးရိုး၊ ဖြောင့်စင်းကာ သွယ်တန်းနေတဲ့ နှာတံ၊ လေးထောင့်ဆန်တဲ့ နှုတ်ခမ်းအကျနဲ့၊ တည်ငြိမ်ပြီး​ ချောမောသော ထိုမျက်နှာကို သေချာကြည့်ရင်းမှ တစ်ယောက်တည်း တီးတိုးပြောနေမိသည်။

မဟာမြင့်မြတ်ရဲ့ နှာတံချွန်ချွန်ကို လှမ်းကာ တို့ထိလျက်မှ..

'ငါ စိုးရိမ်နေခဲ့တာ ရှိတယ်
ဒါပေမဲ့ ခုတော့ စိတ်မပူတော့ဘူး..'

သူငယ်ချင်းဘဝကနေ ဒီလို အခြေအနေထိ ရောက်လာလို့ အနည်းငယ် ရှက်မိသော်လဲ ဘယ်တတ်နိင်ပါ့မလဲ? အတူတူနေကြတဲ့ ချစ်သူနှစ်ယောက်ကြား အထူးသဖြင့် ကျန်းမာသန်စွမ်းတဲ့လူငယ်နှစ်ယောက်ကြား ဒါက အနှေးနဲ့အမြန် ဖြစ်လာမည့်ကိစ္စပင်။

ဒီလူရဲ့ထိန်းချုပ်နိုင်စွမ်းတွေက ကိုယ်နဲ့မှ ကျိုးပျက်သွားတတ်တာလဲ သိတယ်။ အချိန်ကြာ အနမ်းတွေ မျှဝေပြီးတဲ့အချိန်တိုင်း မျိုသိပ်နေတတ်တာကိုလဲ သိတယ်။

ထို့ကြောင့် သူကိုယ်တိုင်လဲ ယောင်္ကျားတစ်ယောက်ပင် ဖြစ်သော်ငြား၊ ယနေ့ည ဆုံးဖြတ်ချက်ကို နောင်တရဖြစ်လိမ့်မည်တော့ မဟုတ်။ ခုနတုန်းက သူ့အပေါ်မှာ စိတ်အားထက်သန်ခြင်းတွေ၊ လိုချင်တပ်မက်စိတ်တွေအပြည့်နဲ့၊ လှုပ်ရှားနေခဲ့သူရဲ့ မျက်နှာ၊ ပုံရိပ်တွေကို ပြန်မြင်ယောင်လာရင်းမှ ...

ချမ်း (オレの愛)【Completed】Donde viven las historias. Descúbrelo ahora