Chapter 22 - Wild

2.3K 165 5
                                    

စလယ်ဆုံး မင်းဘဲ ကိုယ့်ကို ဒီလို ရူးသွပ်စေတာဖြစ်လို့၊ ခုကစလို့ ကိုယ့်ကို တာဝန်ယူပေးပါ 'ချမ်း' ... ဒီနေရာကနေ ကိုယ် နောက်ပြန် မလှည့်နိုင်တော့ဘူး။

'You make my heart shake, bend & break But i can't turn away..
It's driving me wild..
You're driving me wild..'

---------------------*----------------------

စာမေပွဲကြီးနီးလာပြီ ဖြစ်သည်မို့၊ CT (Computer Hardware) အတန်းမှ
သူငယ်ချင်းအားလုံး စုကာ စာလုပ်နေကြချိန်။

"ဟဲ့ Roll 1 မွန်စဝ် ဘာတွေ တွေးငေးနေတာလဲ? ငါ့ကို ဒီပုစ္စာ ရှင်းပြအုံးလို့"

စကားပြောရင်းနဲ့ပင် လက်ပါလာတာက သူတို့ hardware အခန်းရဲ့ EC သရဖီကောင်းမြတ်ပင် ဖြစ်၏။

"အော် အင်း ရှင်းပြမယ်"

ထိုမှသာ သတိပြန်ဝင်လာပြီး၊ ကမ်းပေးလာသော စာအုပ်ကိုယူကာ စာရှင်းပြဖို့ရန် ပြင်လိုက်သည်။

"ငါတို့ ကျောင်းတက်လာတာ ဘာလိုလိုနဲ့ နောက်ဆုံးနှစ်တောင် ရောက်ပြီနော်။ ငါတို့ မွန်King လေး ရည်းစားထားတာ,ဘာညာလဲ မတွေ့ရဘူး။ တည်ငြိမ်အေးဆေးတာလား? ရင်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီးသားမို့လား? ပြောစမ်း"

စာရှင်းပြမယ်ဆိုတာကို အာရုံမရတော့ဘဲ စပ်ဖြီးဖြီးအပြောဖြင့် စပ်စုလာသော သရဖီကောင်းမြတ် ကြောင့် ရင်ထဲက ထိတ်ခနဲဖြစ်သွားမိ၏။

"ဟဟ မွန်လေး မွန်လေး
ဒီဖေကိုယ်လဲ သံသယဝင်ချင်နေတာ
ဖေ့သားလေး ခုတစ်လော တစ်မျိုးတော့ တစ်မျိုးဘဲ။ တစ်ခုခုတော့ ဖြစ်နေပြီ"

တစ်ဖန် ခပ်လှောင်လှောင်,အပြုံးနဲ့ သူ့ကို ကြည့်ကာ ပြောလာသော လင်းလက်ကြောင့် မလုံမလဲပင် ဖြစ်သွားရသည်။ စာလုပ်ဖို့ဆီ အာရုံထပ်မရောက်တော့မှာစိုး၍ နှုတ်မှ အလောတကြီးနဲ့ပင် ..

"မဟုတ်ပါဘူးကွာ။ လာလာ စာဆက်လုပ်ကြရအောင်"

စာမေးပွဲနီးနေပြီ။ စာမေးပွဲနီးနေပြီ။ စိတ်ကို မနည်း ပြန်ဆွဲဆန့်ကာ စာဆီသို့သာ အာရုံရောက်အောင် ကြိုးစားလိုက်၏။

*
*
*
*
*

"လင်းလက်ကြယ်စင်...."

တစ်နေရာရာသို့ စိတ်လွှင့်နေဟန်ဖြင့်၊ လင်းလက်ရဲ့ နာမည်အရင်းကို သံရှည်ဆွဲပြီး ခေါ်လာသော မွန်လေးကြောင့်၊ ခေါ်တဲ့ဆီ လှည့်ကြည့်လိုက်မိ၏။

ချမ်း (オレの愛)【Completed】Where stories live. Discover now