Chapter 46 - Suffocating

1.9K 115 3
                                    

Celebrity တွေ၊ VIP တွေသာ ဝင်ရောက်နိုင်တဲ့၊ လူသန့်တယ်လို့၊ နာမည်ကြီးတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ Club တစ်ခုတွင် Lady Antebellum ရဲ့ 'Need You Now' တေးသံငြိမ့်ငြိမ့်က ပျံ့လွင့်နေခဲ့သည်။
.
.

"Picture-perfect memories
Scattered all around the floor"
(အမှတ်တရ ဓာတ်ပုံတွေက ကြမ်းပြင်အနှံ့ ပြန့်ကြဲနေခဲ့တယ်)

"Reaching for the phone 'cause
I can't fight it anymore"
(သတိရစိတ်ကို မလွန်ဆန်နိုင်တော့လို့ ဖုန်းဆီ လက်လှမ်းမိနေတယ်)

"And I wonder if I ever cross your mind"
(နောက်ပြီး ငါ သိချင်မိတယ် ...
မင်းများ ငါ့ကို သတိရနေမလား ?)

"For me, it happens all the time"
(ငါကတော့ အမြဲတမ်းဘဲ။ အမြဲ မင်းကို လွမ်းနေတာ)

"It's a quarter after one"
(အခု နံနက် တစ်နာရီနဲ့ ဆယ့်ငါးမိနစ်တောင် ရှိပြီ)

"I'm all alone and I need you now"
(ငါ အရမ်း အထီးကျန်နေတာမို့ အခု မင်းကို လိုအပ်နေပြီ)

"Said I wouldn't call, but I've lost all control"
(မင်းနဲ့ အဆတ်ဖြတ်မယ်လို့ ငါဘဲ ပြောခဲ့တာ။ ဒါပေမဲ့ ငါ့စိတ်ကိုငါ မထိန်းချုပ်နိုင်ပြန်ဘူး)

"and I need you now"
(ငါ အခု မင်းကို လိုအပ်နေတယ်"

"And I don't know how I can do without"
(မင်း မရှိဘဲ ဘယ်လိုဆက်ရှင်သန်ရမလဲ တကယ် မသိတော့ဘူး)

"I just need you now"
(ခုချိန် မင်း ငါ့အနားမှာ ရှိနေပေးမှကို ဖြစ်မှာ)

"Another shot of whiskey"
(ဝီစကီ နောက်တစ်ခွက်ကို ထပ်မော့လိုက်တယ်)
.
.

သီချင်းက ပထမ Chorus ပိုဒ် ပြီးသွားတဲ့နောက် ဒုတိယ အပိုဒ်အစ၌ တိုက်ဆိုင်စွာပင် ..

"နောက် တစ် ခွက်"

Bar ကောင်တာရဲ့အရှေ့။ အဖျော်ဆရာကို အရက် နောက်တစ်ခွက်ပေးဖို့ တောင်းဆိုတဲ့ လက်တစ်ဖက်က ရောက်ရှိလာသည်။ Antebellum ရဲ့ သီချင်းစာသားတွေက ဘားကောင်တာမှာ ထိုင်နေသူရဲ့ လက်ရှိခံစားချက်နဲ့ တိုက်ဆိုင်လွန်းလှစွာပင် ဝီစကီ အမှာကလဲ တစ်ခွက်ပြီးတစ်ခွက် ထပ်,ထပ်လာခဲ့သည်။ အတန်ကြာအောင် ထိုင်သောက်နေရင်းမှ နောက်ဆုံးမှာ မွန်စဝ်က Club ထဲ ဝင်ဖို့ရာ ဆုံးဖြတ်ချက် ချလိုက်သည်။

ချမ်း (オレの愛)【Completed】जहाँ कहानियाँ रहती हैं। अभी खोजें