Extra - Hanabi (花火) Night

2.2K 103 6
                                    

မိုးအေးအေးနဲ့ ရေးချင်လို့ ရေးချလိုက်တာပါ။ ဘာလိုလိုနဲ့ 'ချမ်း'က Viewer 12.8K တောင်ရပြီဆိုတော့ ပျော်တာလဲပါတယ်။ အော်... Extra မရေးတော့ဘူးပြောပြီး ရေးလိုက်လို့ စိတ်လဲဆိုးမနေကြနဲ့အုံးနော် 😊🤞

---------------------------*---------------------------

"ချမ်း........"

"ပြီးပါပြီကွာ မင်းကလဲ လာပြီ"

အသံကြားပြီးသိပ်မကြာ၊ လိုက်ကာစကိုဖယ်လာတဲ့ လက်ချောင်းသွယ်သွယ်တွေကိုအရင်မြင်လိုက်ရတယ်။ ထို့နောက်... တွေ့လိုက်ရပါပြီ သူ့ရဲ့နှလုံးသည်းပွတ်... 'ချမ်း' ။

"ဘာတွေလောနေလဲ... မင်း!"

"ဟွန်း ကိုယ် မလောပါဘူး"

"ဒါဆို ဘာလို့ ငါ့ကို ခနခနခေါ်နေတာလဲ !!! အဝတ်လဲနေရတာတောင် စိတ်မဖြောင့်အောင်။ မင်းဟာလေ လူကရှည်သလောက် စိတ်ကမရှည်ဘူး။ ပွဲတော်ကိုသေချာရှိုင်းပြီးသွားပါမယ်ဆို... အခုတော့ဖြစ်သလိုလေးပဲ ပြင်ဆင်လာရပြီ"

တကယ်တမ်းစိတ်တိုလွယ်တာ ဘယ်သူလေးပါလဲ။ ယခုပဲကြည့် နှုတ်ခမ်းထူလေးတွေကို လုံးထွေးကာဖြင့် မဟာ့ကိုတစ်တွတ်တွတ်ရန်တွေ့နေလေရဲ့။ ဒီ့ထက်ပိုပြီးအခြေအနေမဆိုးခင်မှာ ခေါင်းကိုအသာခါရမ်းမိလို့ ချမ်းကိုပွေ့ဖက်ကာချော့မြူရတယ်။ မဟုတ်လျှင် မဟာမြင့်မြတ်တို့ ဒီည ညစာငတ်သွားမည်မလား။

"ဆောရီး ကိုယ်မှားတာ... ကိုယ့်အပြစ် ဟုတ်ပြီလား"

"အွန်း...သိရင်ပြီးတာပဲ"

"တကယ်က ချမ်းကိုမြန်မြန်တွေ့ချင်နေလို့"

"ဟမ်"

"ဒီ Yukata ဝတ်စုံနဲ့လေ"

"အာ... "

"အရမ်းချစ်ဖို့ကောင်းတာပဲ"

ခရမ်းရောင်ချည်သားဝတ်ရုံကိုအောက်ခံထားလို့၊အနက်ရောင် Yukata ဝတ်စုံကို ချမ်းကဝတ်ဆင်ထားတယ်။ စိတ်မကောင်းစရာပဲ။ အနက်ရောင်လိုအင်အားကြီးတဲ့အရောင်တောင် ချမ်းရဲ့လှပလွန်းတဲ့အသားအရေနဲ့တွေ့ပြီးတဲ့နောက် မှေးမှိန်သွားလေတယ်။

မဟာ ရှိရာဆီသို့ ကမန်းကတန်းထွက်လာခဲ့ရလို့ထင်ပါရဲ့။ Yukata ရဲ့ခရမ်းရောင်ခါးစည်းကြိုးက အနည်းငယ်ပြေလျော့လို့နေတယ်။ ဒါကြောင့် ချမ်းရဲ့ခါးနှစ်ဖက်ပေါ် ပွေ့ဖက်လို့ ခါးစည်းကြိုးကိုတင်းနေအောင်ဆွဲချည်ပေးလိုက်တယ်။

ချမ်း (オレの愛)【Completed】Where stories live. Discover now