Chapter 19 - Secrets

2.2K 152 0
                                    

ထိုစကားသံအဆုံးမှာ၊ ကျောနောက်မှ လှုပ်ရှားမှုတွေက အကုန် ရပ်တန့်။ ခါးထက်မှလက်က တင်းခနဲဖြစ်သွားတာကို ခံစားလိုက်ရသည်။ အတန်ကြာမှ ကြားလာရတာက ...

"အင်း"

'အင်း' တစ်ခွန်းဘဲပြောကာ မဟာက သူ့လက်ထဲသို့ ဖုန်းတစ်လုံးထည့်ပေးလာတာကြောင့်၊ ဖွင့်ကြည့်လိုက်သည်။ ဘာ Password မှ မခံထားတဲ့ဖုန်းကို ဆွဲကြည့်လိုက်ပြီး၊ မြင်လိုက်ရတဲ့ ဖုန်းစကရင် Background ကြောင့်၊ အံ့ဩသွားမိရပြန်၏။

"ဟင် ဒါ .. ဒါက"

ပင်လယ်ကို နောက်ကျောပေးကာ၊ သွားလေးတွေ ပေါ်အောင်ပင် အားပါးတစ်ရ ပြုံးနေတဲ့ ကောင်ငယ်လေးတစ်ယောက်ရဲ့ ဓာတ်ပုံ။ တစ်နည်းအားဖြင့် လွန်ခဲ့သောငါးနှစ် ဆယ်တန်းပြီးစ အချိန်တုန်းက အပါးအမေးတို့နဲ့အတူ ကျိုက်က္ခမီရေလယ်ဘုရားကြီးဆီသို့ သွားခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံ..

အံ့ဩနေသော ချမ်းကို မဟာက နောက်မှ ပိုတိုးကာ ဖက်ရင်း..

"အင်း အဲဒါ ချမ်းလေ"

"မဟုတ်သေးဘူး။ အဲဒီတုန်းက ငါ့ပုံက မင်းဆီ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ?"

"ကိုယ် ပြောပြမယ်"

~ Flashback to last 5 years ago ~
~
~
~
~

"မြတ်ကြီး ဘယ်လိုလဲ? ဖြေလို့ရလား?"

ဆယ်တန်းစာမေးပွဲကြီးရဲ့ နောက်ဆုံးဘာသာ ဖြေလို့အပြီး၊ အခန်းထဲမှ ထွက်,ထွက်ခြင်းပင် လင်းလက်က မဟာ့ ပခုံးကို သိုင်းဖက်ကာ မေးလာခဲ့သည်။ တခြားလူတွေနဲ့ Skinship ထိတွေ့တာ သိပ်မကြိုက်တဲ့ သူက ထိုလက်ကို ဖယ်ထုတ်ပစ်လိုက်ရင်း၊ မူပိုင် အဖြေစကားတစ်ခွန်းနဲ့ပင် ...

"အင်း"

"ငါရောဘဲ ဒီနှစ်ထဲမှာ အသည်းအသန် စာလုပ်ခဲ့ရတာတွေ ပြီးပြီပေါ့ကွာ။ ဟဟ Uni ရောက်ရင်တော့ ငါကတော့ လုံးဝ လုံးဝ ဒီစာတွေ ထပ်မလုပ်ဘူး"

တိတ်တိတ်ဆိတ်ဆိတ် နေရတာ ကြိုက်သော်လဲ ထုံးစံအတိုင်း စကားများလွန်းတဲ့ လင်းလက်ကြောင့် သူ့မှာ နေ့တိုင်းလိုလို နားတွေပူမတတ်ပင် ပေါက်ကရတွေ နားထောင်ရ၏။

"ပြီးတော့ မြတ်ကြီး မင်းကို ပြောစရာရှိတယ်
ငါ့မိသားစုက မွန်ပြည်နယ်ဘက် ဘုရားဖူးထွက်မှာ။ ဦးနိုင်လေ ငါ့ဦးလေး။ သံ​ဖြူဇရပ်က သူ့မိန်းမ အမျိုးတွေဆီ သွားရင်း၊ ဘုရားဖူးသွားကြမယ်ဆိုပြီး၊ စီစဥ်ပလိုက်တာ။ အဲဒါ ငါလဲ ကျောင်းပိတ်ပြီဆိုတော့ လိုက်သွားမလို့၊ မင်း​ကော ဘယ်လိုလဲ? လိုက်ချင်လား?"

ချမ်း (オレの愛)【Completed】Where stories live. Discover now