Chapter 27 - Out of my head

2.1K 143 4
                                    

"လွမ်း..လို့"

"ဟင် ..."

တစ်အိမ်ထဲနေပြီး၊ နေ့ရောညပါ တွေ့နေရတာတောင် သူကို လွမ်းလို့ ဆိုပြီး ပြောလာသော အနှီမဟာမြင့်မြတ်ကို ဘာလုပ်လိုက်ရင် ကောင်းမည်နည်း? တကယ် မသိတော့ပေ။

"အပိုတွေ လုပ်ပြန်ပြီ မင်း"

ဘာစကားမှ ​ပြန်,မပြော​တော့ဘဲ သူ့လည်တိုင်တစ်လျှောက် မျက်နှာအပ်လို့၊ ဖွဖွ ညင်သာစွာ နမ်းလာသောလူ။ ညှပ်ရိုးတွေနား လျှာဖျားနဲ့ မထိတထိ စုပ်လိုက်၊ ဖျတ်ခနဲ နမ်းလိုက်နဲ့ အမျိုးမျိုးလုပ်နေတဲ့ မဟာမြင့်မြတ်ကြောင့်၊ ထိန်းမနိုင်,ယိုင်လဲချင်တဲ့ စိတ်က လွင့်ချင်,ချင်၊ သို့သော် ဆန္ဒကို သတိနဲ့ ထိန်းချုပ်နေရရင်း ...

"အင်း ... မ ဟာ ဒါ လင်းလက် အိမ်မှာနော်
သတိထားအုံး"

"..."

"လည်ပင်းတော့ မနမ်းနဲ့ ... အ့!"

"အ သံ လုံ တယ်"

"ဟင်..."

ရုတ်တရက်ကြီး အသံ,လုံတယ်လို့ ပြောလာတဲ့ မဟာကြောင့် လူက ကြောင်ခနဲ။ ပြီးမှ ဘာကိုပြောချင်မှန်း သဘောပေါက်ကာ မျက်နှာက ဖြန်းခနဲပင် ပူတက်သွားရ၏။

"မ ဟုတ်သေးဘူးလေ..."

"ဟုတ်တယ်"

ဘာကို ထောက်ခံလို့ ထောက်ခံမှန်းလည်း မသိပေ။ အနှီ အေးတိအေးစက်ကောင်သည် တခုခု လုပ်ချင်ပြီဆိုရင် တကယ် ရှေ့မကြည့် နောက်မကြည့်တော့ပေ။

ပြောရင်း ညှိနှိုင်းနေစဉ်အတွင်းမှာပင် ဖြူဝင်းသော ရင်ဘတ်တစ်ခြမ်းလုံး ပေါ်အောင် ကြယ်သီးတွေ ပြုတ်နေပြီးသားအင်္ကျီက ခပ်ကြမ်းကြမ်း ဆွဲဖယ်ခံလိုက်ရသည်။ စာမေးပွဲတွင်း ထိန်းချုပ်ထားရ၍များ ယခု အတိုးချပြီး နှိပ်စက်ဖို့ ရည်ရွယ်ထားသည်လားတော့ မပြောတတ်။ ပခုံးဖျားမှသည် ရင်ဘတ်ပေါ်ထိ တောက်လျှောက် ဆင်းလာခဲ့တဲ့ အနမ်းများရဲ့သက်သေအရ ထိုနေရာတစ်ဝိုက် အနီရင့်ရောင်,အရာများက ထင်းလျက်။ တချို့နေရာများမှသည်လဲ တစစ်စစ်နဲ့ နာကျင်မှုကို ခံစားနေရလျက်။

ဟူး ... မဖြစ်တော့ ...
ဒီနေရာမှာ ဒီလို ပုံစံမျိုးနဲ့က ကြာကြာ ဆက်နေဖို့ ဘယ်လိုမှ မဖြစ်တော့ပေ။ ဒါကြောင့် သူ့ဘက်မှပင် ..

ချမ်း (オレの愛)【Completed】Where stories live. Discover now