Chapter 36 - Telepathy

1.8K 119 1
                                    

Even though we're far away, our thoughts are the same.
Even if you're not with me, feels like we are together.
It sounds like 'Telepathy'

---------------------*-------------------

တီ .......

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ Password ရိုက်သံလိုလို ကြားလိုက်ရတာကြောင့်၊ အိပ်မှုံစုံဖွားနဲ့ပင် အိမ်ရှေ့သို့ ထွက်လာမိသည်။ သွားနေရင်းမှပင် စဥ်းစားနေမိတာက..

ဒီကွန်ဒိုရဲ့ Password ကို သိတာက ဒီကမ္ဘာမှာ နှစ်ယောက်ပဲ ရှိတာလေ..
သူရယ် မဟာမြင့်မြတ်ရယ် ...

ဟင် မဟုတ်လောက်ဘူးမလား..
ချက်ချင်းကြီး ဟိုကလူက ဒီကိုဘယ်လိုလုပ်..?

'ဘုတ်..'

အတွေးပင် မဆုံးသေး။ ခရီးဆောင်အိတ်ငယ်ရဲ့ပြုတ်ကျသံနဲ့အတူ သူ့မျက်လုံးများကလဲ အသံလာရာဆီသို့၊ အံ့ဩတစ်ကြီးနဲ့ ကြောင်ကြည့်နေမိသည်။ ထိုစဉ် ရုတ်တရက် အပြေးလေး ရောက်လာကာ ပွေ့ဖက်ခြင်းကို ခံလိုက်ရတာမို့ လန့်ခနဲပင်။ တစ်အောင့်အကြာမှာမှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရာကနေ ဖြေလျော့ပေးလာတဲ့ တစ်ဖက်လူကိုငေးကြည့်ရင်း၊ ခုထိ အိမ်မက်ပမာ ယောင်ဝါးဝါးဖြစ်နေမိဆဲ။

"မင်း က ဒီ ကို ဘယ် လို လုပ်"

"..."

မေးတာကို ဘာမှပြန်မဖြေဘဲ လက်ကို ဆွဲကာ အိပ်ခန်းထဲထိ ခေါ်သွားသောလူရဲ့နောက်သို့ ကြောင်တိကြောင်တောင်နဲ့ပင် လိုက်သွားမိသည်။ အခန်းထဲရောက်တော့ ဝတ်လာတဲ့ လောင်းကုတ် အရှည်ကြီးကိုချွတ်ပြီး၊ ရေချိုးခန်းထဲသို့ ဝင်တော့မဲ့ဟန်ပြင်နေတဲ့လူရဲ့လက်ကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီးမှ...

"ငါ မေးနေတယ်လေ။ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ? မင်း ငါ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား?"

"Telepathy ကြောင့်..."

"ဟင်"

"ရေချိူးခန်း ခဏ ဝင်မလို့၊ ပြီးမှ ဆက်ပြောမယ်"

"အော် အင်း... အင်း"

ထူးဆန်းတယ်၊ မဟာမြင့်မြတ် တစ်ယောက် ရုတ်တရက်ကြီး ဘာလို့ ရောက်ချလာတာလဲ!! မျက်နှာကလဲ မပြုံးမရယ်နဲ့ သူ့ကို စိတ်ဆိုးနေတုန်းပဲလား? ဒါပေမဲ့ တွေ့တွေ့ချင်းပင် သူ့ကို ပြေးဖက်တယ်ဆိုတော့ အခြေအနေ နည်းနည်းကောင်းသေးတယ်လို့တော့ ပြောလို့ရမလား?

ချမ်း (オレの愛)【Completed】Where stories live. Discover now