Chapter 35 - Missing you

1.7K 113 5
                                    

When I close my eyes, I see you...
When I open my eyes, I miss you...
Missing you is really killing me!

--------------------*----------------------

Friday Night (သောကြာနေ့ည)

အရင်က ဒီလိုညမျိုးဆို ခွေ,အတူတူ ကြည့်တာမျိုး၊ အပြင်အတူတူသွားတာမျိူး၊ ဒါမှမဟုတ်အခန်းအောင်းပြီး ...

အိမ်အရှေ့၊ အနောက် ဘယ်နေရာကို ကြည့်ကြည့် မြင့်မြင့်မားမား,အရပ်ကြီးနဲ့ ကြည့်ကောင်းလွန်းတဲ့ပုံရိပ်တွေကိုပဲ ​မျက်ဝန်းထဲ မြင်ယောင်နေမိသည်။

'ဟဟ မဟာ ယားတယ်ဟ ခါး,လာမတို့နဲ့'

'...'

'မဟာမြင့်မြတ်! သေချင်နေပြန်ပြီလား? မလုပ်နဲ့တော့'

'ဒါဆို ကျော'

'အဲဒါက ပိုဆိုးတယ် ဘာမှကို လာမလုပ်နဲ့'

'ဟင့် အင်း'

'ဘာ! မင်း သေဖို့သာ ပြင်ပေတော့ မဟာ'

'ဟားဟား'

အတူတူ ရှိချိန်တိုင်းမှာ မ,ပျော်ရွှင်ရဘူးဆိုတာ မရှိခဲ့သော သူတို့ရဲ့အတိတ်ပုံရိပ်တွေ။ တခြားလူတွေနဲ့ဆို အေးတိအေးစက်,နေတတ်သော မဟာမြင့်မြတ်သည် သူနဲ့သာဆို တခြားလူတစ်ယောက်အလား တစ်ခါတစ်ရံ စ,တတ်လွန်းလို့ တားမြစ်ရသည်အထိ။

တွေးရင်းနဲ့မှ 'ဒီကိုလာ ချမ်း' ဆိုတဲ့ ခေါ်သံဖွဖွတောင် နားထဲမှာ ပြန်ကြားယောင်လာသလိုလို။

တူညီတဲ့နေရာ၊ အခန်းပင် ဖြစ်လင့်ကစား အတူတူရှိခဲ့ဖူးတဲ့လူက ခုတော့ အနားမှာ မရှိ။ ဟူး...လွမ်းရတဲ့ဝေဒနာကြီးက ဆိုးဝါးလိုက်တာ..

ဒီနာကျင်မှုတွေကို ဖြေဖျောက်ဖို့၊ တခုခုတော့ လုပ်မှ ရတော့မည်မို့၊ အတွေးနဲ့အတူ ဖုန်းနံပါတ်တစ်ခုဆီသို့ Call က နှိပ်ပြီးသား။

"ဟဲလို"

"ဘာလဲ ပြော"

"ဖြေပုံကြီးက ကြမ်းတမ်းလှချည်လား ကွာ"

"မွန်လေး! ဒရာမာတွေ သိပ်မခင်းနေနဲ့ ဘာလဲပြော"

"ငါ အလွမ်းပင်လယ်ထဲ ကူးခတ်နေရပြီ ငလင်းရာ ထပ်ပြီး မခံစားနိုင်တော့ဘူး"

"ဟင်း... ငါ တကယ် စိတ်တွေ သိပ်မရှည်တော့ဘူး။ တကယ် ငါ့ဘဝရဲ့အမှားကြီးတစ်ခုကို ပြောရမယ်ဆို မင်းတို့နှစ်ကောင်လုံးရဲ့သူငယ်ချင်း ဖြစ်နေရတာပဲ"

ချမ်း (オレの愛)【Completed】Where stories live. Discover now