Chapter 50 - Truly Madly Deeply

2.3K 114 27
                                    

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့။
'မင်းမွန်စဝ်သော်' ၏ နေအိမ်၌။

"အူး... ဝါး..."

"ကျွတ်... ကျွတ် မငိုနဲ့တော့ လိမ်မာတယ်
တိတ် .. တိတ်"

"ဝါး....ဗြဲ"

"အော် ဟော် တိတ်ပါတော့ ဆိုကွာ
မင်းကလဲ .. ပြောလေ အသံပြဲလေပါလား"

"ဗြဲ......"

"အာ ... ပြဿနာပဲ ဒီကောင်လေး!"

"ချမ်း ... အဲဒါ ဘာလုပ်မလို့လဲ?"

"မဟာ အတော်ပဲ .. လာ! လာ ဒီကို မြန်မြန်"

"အင်း"

"ရော့ 'မင်းသန့်စင်သွေး' ကို ခဏ ထိန်းထား
ငါ မထိန်းနိုင်တော့လို့ ဟီး..."

"..."

"ခဏ! ခဏပဲ ...ငါ မမကို သွားခေါ်ပေးမယ်"

ချမ်းက ချမ်းပါဘဲ...
စတွေ့ခါစ ငယ်ရွယ်နုပျိုတဲ့ ဆယ်ကျော်သက် အရွယ်မှသည် ယခုချိန် လုပ်ငန်းရှင်ကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်တိုင် မဟာ့ကိုဆို အနိုင်ကျင့်ချင်တတ်တဲ့ ချမ်းရဲ့စိတ်ကလေးဟာ မပြောင်းမလဲ။

ယမန်နှစ်က အမ မိအေးမြတ်သော်က သံဖြူဇရပ်မှ လူတစ်ယောက်နဲ့ အကြောင်းပါကာ အိမ်ထောင်ကျခဲ့တယ်လို့ ဆိုသည်။ ယနေ့မှာ ချမ်းရဲ့တူလေး 'မင်းသန့်စင်သွေး' ရဲ့တစ်နှစ်ပြည့် မွေးနေ့ပေမို့၊ မဟာတို့ ယခုရောက်နေသည်က သံဖြူဇရပ်မှ ချမ်းရဲ့နေအိမ်။

သူတို့နှစ်ယောက်ရဲ့အကြောင်းကို မိဘတွေဆီမှာတရားဝင် ဖွင့်ပြောကာ၊ ချမ်းကို တောင်းခံခဲ့သည့် အချိန်တုန်းက မဟာမြင့်မြတ်ရဲ့ဒီတစ်ဘဝလုံးမှာ စိုးရိမ်မှုတွေ အများဆုံး၊ အတုန်လှုပ်ဆုံး ဖြစ်ခဲ့ရတဲ့ အချိန်တွေပါပင်။ လွန်ခဲ့တဲ့သုံးနှစ်မှ ကိစ္စတွေအတွက် အပါး အမေးနဲ့ ချမ်းတို့တစ်မိသားစုလုံးကို အားနာတဲ့စိတ်နဲ့ တောင်းပန်ခဲ့သည်။ ကံကောင်းလွန်းစွာ စိတ်သဘောထား အေးချမ်းလွန်းတဲ့ ချမ်းတို့ မိသားစုက အငြိုးအတေး မထားဘဲ၊ အပြစ်မမြင်ခဲ့ဘဲ ခွင့်လွှတ်ပေးခဲ့သည်။

ချမ်းရဲ့အပါး၊ အမေး၊ မမတို့က အကုန်လုံးကို နားလည်ခွင့်လွှတ်ပေးခဲ့သော်ငြား၊ သူ့ကို တစ်ခုတော့ ပြန်တောင်းဆိုခဲ့သည်။

ချမ်း (オレの愛)【Completed】Where stories live. Discover now