Chapter 44 - Who are you?

1.8K 110 3
                                    

"Boss ဒီနေ့အတွက် Schedule ပါ၊ နံနက်xxxx ကနေ နေ့လည်ထိ၊ အရင်လက စာချုပ်,ချုပ်ခဲ့တဲ့ Customer Company နဲ့တွေ့ဖို့ ရှိပါတယ်၊ ညနေပိုင်းက xxx Flight နဲ့ မြန်မာကို ပြန်မှာပါ"

အလွန်အမင်း သောက်ထားခဲ့တဲ့အရှိန်နဲ့ ခေါင်းက လုံးဝကို မကြည်​နေပေ။ နံနက်က မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်း ရောက်နေမိတာက ဤဟိုတယ်၊ မရင်းနှီးတဲ့နေရာ ဖြစ်တာမို့၊ အလိုက်,မသိတဲ့ PA ကို ဖုန်းဆက်ခေါ်မိခြင်းရဲ့ ရလဒ်က ဤသို့။

မနေ့ညတုန်းက အမူးလွန်​ပြီးတော့ Toilet ထဲမှာရှိနေခဲ့တာထိသာ ခေါင်းက မှတ်မိပြီး၊ ဒီနေရာသို့ဘယ်လို ရောက်လာတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့က လုံးဝကို ပြန်စဥ်းစားလို့ မရ။ ဒါပေမဲ့ အမူးပြေဟင်းရည်တစ်ခွက် နဲ့၊ 'အိပ်ရာနိုးရင် သောက်သွား' ဆိုတဲ့ စာတစ်စောင်ကြောင့်၊ မနေ့ညက ကူညီပေးခဲ့တဲ့လူက ဘယ်သူလဲ? ဆိုတာနဲ့ပတ်သက်ပြီးတော့ သိချင်လာမိသည်။ ဟင်းရည်ရဲ့အရသာမှာ 5 Star ဟိုတယ်ရဲ့ နာမည်ကျော် စားဖိုမှူးချက်တဲ့ လက်ရာနဲ့ မတူနေဘဲ၊ တစ်ယောက်သောသူရဲ့ မချက်တတ်၊ ချက်တတ် လုပ်တတ်တဲ့ ဟင်းရည်အရသာနဲ့ တူနေခဲ့တာကြောင့်ပင်။

"အင်း အိုခေ၊ အာကာ ကိုယ့်ကို ကိစ္စတစ်ခုလောက် စုံစမ်းပေး"

"ဟုတ်ကဲ့ Boss"

"ဒီအခန်းကို Booking လုပ်ထားတဲ့လူရဲ့အကြောင်း ..."

"ဟုတ်ကဲ့၊ စုံးစမ်းထားလိုက်ပါမယ်။ ဒါနဲ့..."

" ? "

ဆက်ပြီး မပြောလာတာကြောင့် ဘေးသို့ လှည့်ကြည့်လိုက်တော့...

"Boss ... boss ရဲ့လည်ပင်း ဘေးမှာ..."

"ဟမ်"

တွန့်ဆုတ်ဆုတ်အသံနဲ့ ပြောလာသော PA ရဲ့စကားကြောင့်၊ ဘာလဲဆိုတာ? သိချင်လာသည်။ ဝတ်ထားတဲ့လည်ပင်းကျယ်,တီရှပ်အဖြူကြောင့် ဘေးသို့ အတန်ငယ်လှည့်လိုက်ရုံနဲ့၊ လည်တိုင်တစ်လျှောက်မှ အနီရောင်,အကွက်များကို လှမ်းမြင်လိုက်ရသည်။

"ဟင် ဒါက..."

မှတ်မိရသလောက် ညက ပါတီပွဲမှာ သေချာပေါက်ကို၊ အနက်ရောင် Suit ကို ဝတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီနံနက်ကျတော့ သူ့ခန္ဓာကိုယ်ထက်မှာ ချောင်ချိနေတဲ့ အဖြူရောင်တီရှပ်ကျယ်တစ်ထည်က နေရာယူလျက်သား။

ချမ်း (オレの愛)【Completed】Where stories live. Discover now