Chapter 4 - My Serendipity

3K 262 8
                                    

တသက်မှတခါပဲ ရမဲ့အခွင့်အရေးဆိုရင်တောင်..
ဒီလိုကံကောင်းခြင်းမျိုး နောက်ထပ် မရနိုင်တော့ဘူးဆိုရင်တောင်...
အရာအားလုံး Reset ချပြီး
ပြန်ဆုံးဖြတ် ပြန်ရွေးရမယ်ဆိုရင်တောင်..
မင်းမှ မင်းပဲ
မင်းကိုပဲ ကိုယ်တောင့်တမိမယ်..'ချမ်း'
Coz you are my Serendipity..

-------------------*--------------------

"အင်း အဲဒီအခွင့် 'ချမ်း' ကို ပေးမယ်"

"လာ မင်းလက်က ဒဏ်ရာကို အရင် ဆေးထည့်ပေးမယ်"

ဆေးထည့်မယ် ဆိုပြီး မဟာမြင့်မြတ် လက်ကိုဆွဲကာ ကုတင်ဘက်ဆီ ခေါ်လာပြီးမှ၊ ဒီအေးတိအေးစက်ကောင်ရဲ့အခန်းမှာ ဘာဆေးမှ မရှိတာကို သတိကရသည်။

တကယ်ပါဘဲ ..

မွန်စဝ် လက်မှ ဆွဲခေါ်လာရာအတိုင်း၊ နောက်က ကောက်ကောက်ပါအောင် လိုက်ပါလာသူက Nine One ရဲ့သီချင်းထဲကလို 'လုပ်ချင်တာ လုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်သူ' ပေါ့။ ခုကျတော့ ငြိမ်သက်နေသည်မှာ စောစောတုန်းကနဲ့ ဘာမှ မဆိုင်။

ဒီလို ပြောလို့ဆိုလို့ လွယ်ကူလာဖို့၊ မွန်စဝ် စိတ်အားတင်းပြီး ပြောခဲ့ရတဲ့စကားတွေကိုသာ ကြည့်တော့။ အဲလိုမှ မပြောပြန်ရင်လဲ မဟာမြင့်မြတ်နဲ့သူ့ကြား ဘာမှန်း မသိတဲ့ တံခါးကြီး တစ်ချပ်က ပိတ်ကာထားမည်သာ။ စကားသိပ်မပြောဘဲ သူ့မျက်ဝန်းတွေကိုသာ မေ့မေ့မူးမူး စိုက်ကြည့်လေ့ရှိတဲ့ မဟာမြင့်မြတ်ကို အမှန်ပြောရရင် သူလဲ နားမလည်ဘူး။

လချီကာ ရင်းနှီးလာကြပြီ။ မင်းနဲ့ငါ ဆိုပြီး ရင်းနှီးစွာ စနောက်နေနိုင်တဲ့ သူငယ်ချင်း အနေအထားတစ်ခုသို့ ရောက်လာကြပြီ ဆိုပေမဲ့၊ မဟာမြင့်မြတ်ရဲ့ အတွင်းစိတ်က ဘာတွေ စဉ်းစားနေတယ်၊ ဘာတွေ တွေးနေတယ်၊ ဘာ ပြောချင်လဲ? မျက်ဝန်းတွေကို ကြည့်ရုံနဲ့ နားလည်နိုင်ရအောင် သူက မှော်ပညာရှင်လဲ မဟုတ်။

မဟာမြင့်မြတ် အကြောင်းကို ပိုသိဖို့၊ မဟာ့ကို နားလည်နိုင်ဖို့ဆိုရင် ခုလိုပင် သူ့ဘက်မှ အရဲစွန့်၍ စကားများများ စ,ပြောဖို့တော့ လိုအပ်သလိုဘဲ။ မဟာမြင့်မြတ်ရဲ့ အပြင်ပန်း ပုံပန်းသဏ္ဏာန်ကသာ အရပ်က ရှည်၊ လူက ထွား၊ ရှိန်ချင်စရာကောင်းလောက်တဲ့ မျက်နှာထားတည်တည်နဲ့ အမြဲ ရှိနေပေမဲ့၊ ခုကျတော့ကော ?

ချမ်း (オレの愛)【Completed】Where stories live. Discover now