Chapter 48 - I'm taking over you

2.1K 121 7
                                    

"ဒီ Product ကို နောက်အပတ်အမှီပြီးတာ မြင်ချင်တယ်။ ဘယ်လိုလဲ လုပ်ပေးနိုင်ကြမလား"

"CEO ဒါက နည်းနည်းတော့... "

"ဒုန်း........... !"

စားပွဲခုံပေါ် လက်ဝါးနဲ့ထုရိုက်လိုက်သံက ကျယ်လောင်လွန်းလှသည်မို့ အစည်းအဝေးခန်းထဲကလေသံများက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်။

"ပြော.... ထပ်ပြီး ဘာဆင်ခြေပေးချင်သေးတာလဲ"

"..."

"လွန်ခဲ့တဲ့တစ်လခွဲလောက်ကတည်းကပြီးသင့်တဲ့ Product တစ်ခုကို ခုလိုအချိန်ပြန်ပေးတာတောင်လွန်နေသေးတယ် ထင် တယ် ပေါ့ လေ"

သွားကြားစေ့ကာတစ်လုံးချင်းအေးစက်စက်ပြောလာသော လေသံကို​ကြားပြီးတဲ့နောက်၊ Department Heads များမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြကာ မသိမသာအရိပ်အကဲပြကြလေတယ်။

"ဟုတ်ကဲ့ သတ်မှတ်ထားတဲ့ရက်ထက် ကြိုပြီးအောင်ကြိုးစားပေးပါ့မယ်"

"OK ...Effective ဖြစ်ဖြစ်နဲ့ပြီးတာကိုပဲမြင်ချင်တယ်"

"ဟုတ်ကဲ့"

"အားလုံးသိကြတဲ့အတိုင်းပဲ Chicc က အဆုံးစွန်ထိယုတ်မာတော့မဲ့သဘောမှာရှိနေတယ်။ နောက်အပတ် သူတို့နဲ့ထိပ်တိုက်တွေ့ရမဲ့ပွဲမှာ 'HC'ရဲ့မျက်နှာမပျက်ရအောင် အစွမ်းကုန်ကြိုးစားပေးကြပါ၊ တောင်းဆိုတယ်"

"ဟုတ်ကဲ့ CEO"

"အစည်းအဝေးသိမ်းမယ်..အာကာ နဲ့ J. ကိုယ့်​အခန်းထဲလိုက်ခဲ့"

အစည်းအဝေးခန်းထဲက CEO ထွက်သွားတော့မှ၊ Department Heads များမှာ လွတ်လွတ်လပ်လပ်သက်ပြင်းရှည်ကြီးတွေချနိုင်ကြတော့တယ်။

သာမာန်ချိန်ဆို အပြုံးချိုချိုနဲ့သဘောကောင်းတယ်လို့ထင်ရတဲ့ သူတို့ရဲ့CEOလေးဟာ အလုပ်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကျတာတွေ့ပြီဆိုရင် ဒေါသကြီးတတ်တဲ့ နတ်ဆိုးငယ်လေးအလား။

>>>>>>

"Boss.... Lunch စားချိန်ရောက်ပါပြီ"

"..."

အလုပ်ထဲသို့စိတ်ရောက်နေသည်မို့ စားသောက်ဖို့ရာ အာရုံကဘယ်လိုမှမလာ။ J. သည်လဲ Laptop တစ်လုံးနဲ့အာရုံစိုက်နေဆဲဖြစ်သည်ကိုတွေ့လိုက်မိသည်မို့..

ချမ်း (オレの愛)【Completed】Where stories live. Discover now