Chapter 43 - Under the mask

1.8K 101 0
                                    

ဂျပန်နိုင်ငံ၊ တိုကျို၊ ရှီဘုယ (Shibuya)။

"HC Technologies Co. Ltd က CEO
ဒီဘက်ကို ကြွပေးပါရှင်"

နာမည်ကြီး ဟိုတယ်တစ်ခုရဲ့ ရှည်လျားတဲ့ မြက်ခင်းပြင်ကြီးတစ်လျှောက်၊ မီးရောင်စုံတွေ ထိန်လင်းလျှက်။ လူပေါင်းများစွာနဲ့ စည်ကားလို့နေသည်။ လမ်းညွှန်ပြသရာဆီ တစ်လှမ်းချင်း အေးဆေး လျှောက်လာနေရင်းမှ အနားက ဖြတ်လျှောက်သွားတဲ့ Waiter တယောက်ဆီက ရှန်ပိန်တစ်ခွက်ကို ဆွဲယူလိုက်ကာ၊ ချောင်ကျကျ,ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်သည်။

ပါတီရဲ့အပြင်အဆင်ကို ဝေ့ဝဲကာ ကြည့်နေရင်းမှ၊ ရှန်ပိန်တွေကို တစ်ခွက်ပြီးတစ်ခွက်သောက်နေမိတာ၊ လက်ရှိ ဘယ်နှစ်ခွက်မြောက်မှန်းတောင် မမှတ်မိတော့။ ဒါပေမဲ့ World Rank 10 ထဲ ဝင်တဲ့ Hikari Group ရဲ့ ပဲ့ကိုင်ရှင် CEO ကိုတော့ ယခုထက်ထိတိုင် မတွေ့မြင်ရသေးပေ။

"ဒီညအတွက် ကျွန်တော်တို့မှာ Surprise ပါတီပလန်တစ်ခု ရှိပါတယ် ခင်ဗျာ။ အဲဒါက Mask Party ကို ကျင်းပဖို့ပါပဲ။ ဒါကြောင့် လူကြီးမင်းတို့အားလုံး ကြိုက်နှစ်သက်ရာ Mask တစ်ခုစီကို ရွေးချယ်ပြီး မျက်နှာပေါ်မှာ တပ်ဆင်ထားပေးကြပါ ခင်ဗျာ"

ဂျပန်လိုကော၊ အင်္ဂလိပ်လိုပါ နှစ်ဘာသာနဲ့ ကြေညာပေးလာတဲ့ Announcer ရဲ့စကား အဆုံး၊ မီးရောင်တစ်ချို့က ပြောင်းလဲသွားကာ Dancing Floor တစ်ဝိုက်ကို မီးမောင်းထိုးပြလာသည်။

'You are the reason'

နောက်ခံတေးသွား ထွက်ပေါ်လာသည်နှင့်၊ သံစဥ်ငြိမ့်ငြိမ့်နဲ့ လိုက်ဖက်ညီစွာ ကနေကြတဲ့ လူတစ်ချို့ကြောင့်၊ အကကြမ်းပြင်ကြီး​က သက်ဝင်လှုပ်ရှားလာခဲ့သည်။

"Are you alone? Could I sit here? "

"ဟင်"

ရှန်ပိန်တစ်ခွက်ကို အရသာခံကာ သောက်နေရင်းမှ၊ မျက်ဝန်းတွေမှိတ်ကာ သီချင်းစာသားတွေကို ခံစားနေတဲ့အချိန်။ ရုတ်တရက် ကြားလိုက်ရတဲ့ မေးခွန်းတစ်ခုကြောင့် အသံလာရာဆီ​ မော့ကြည့်မိလိုက်တော့..

White Mask နဲ့ အဖြူရောင် Suit ကို ထက်အောက်ဝတ်ဆင်ထားသော၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အမေရိကန်လူမျိုး တစ်ယောက်။

ချမ်း (オレの愛)【Completed】Onde histórias criam vida. Descubra agora