တိုးတိုးလေး ပြောပြစရာရှိတယ်
ဂျပန်လို........'愛してる'
မွန်လိုက.......'အွန်ချမ်းဗေ့'
မြန်မာလိုက..'ချစ်တယ်'...
အဲဒါ မင်းကိုပြောချင်တဲ့ စကားပဲ-------------------------*------------------------
မီးဖိုခန်း တံခါးဝတွင် ရှိနေသော မဟာ့ဆီ လှမ်းလာလိုက်ပြီးနောက်...
"ကဲ အကိုတော် မဟာမြင့်မြတ်
မတွေ့တာ ကြာတဲ့သူကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းနေတာလား?""အဲလို မဟုတ်ဘူး ချမ်း ကို သိစေချင်ရုံလေးတင်"
"ဟွန်း အဲဒီတော့ ငါက ခု ပြန်သွားရတော့မလား?"
စိတ်ပေါက်ပေါက်နဲ့၊ ရွဲ့မေးလိုက်သံအဆုံးမှာ အထိတ်တစ်လန့် မှင်ရည်ရောင်မျက်ဝန်းနက်တွေဖြင့်၊ မဟာမြင့်မြတ်က ငုံ့ကြည့်လာခဲ့သည်။
"ဟင်း ကဲပါ ထားလိုက်တော့။ မင်း နေမကောင်း ဖြစ်နေလို့၊ ငါ အလျော့ပေးလိုက်တယ် မှတ်..
လာ ဆန်ပြုတ်ရပြီ အရင်စား၊ ပြီးရင် ဆေးသောက်ရမယ်"ထိုသို့ ပြောတော့လဲ ဘာမှ ပြန်မပြော။ မူပိုင် ထုံးစံအတိုင်း သူ ဘာလုပ်လုပ်၊ မေးတစ်မော့မော့နဲ့သာ လိုက်ငေးနေသည်။ ဒါကြောင့် မဟာ့ လက်ကိုဆွဲကာ ထမင်းစားပွဲဆီသို့ ခေါ်လာလိုက်သည်။ စားပြီးသောက်ပြီးချိန်၌၊ သူလဲ ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့။
ဆက်နေရမှာလား? ဒါမှမဟုတ် စကားပြောရမှာလား? ပြောရင်ကော ဘယ်က စပြောရမလဲ? အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့်၊ ထိုင်နေသူကိုကြည့်ကာ စဥ်းစားနေမိ၏။ သို့သော် တစ်ဖက်လူမှာ သူ့ထက်ပင် တည်ငြိမ်၍၊ ဘာမှလဲ မပြော၊ ဘာမှလဲ မလုပ်၊ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတာကို ကြည့်ရင်း၊ အားတင်းလာသမျှ သတ္တိတွေကို စုကာ ...
"မင်း အိပ်ခန်းက ဘယ်မှာလဲ? ငါ့ကို လိုက်ပြ"
ကြောင်တောင်တောင် မျက်ဝန်းတွေဖြင့်၊ မော့ကြည့်လာကာ ဧည့်ခန်းရှေ့တည့်တည့်ရှိအခန်းသို့၊ မဟာမြင့်မြတ်က လက်ညိုးထိုးပြသည်။ ထိုလူရဲ့လက်ကို ဆွဲကာ အိပ်ခန်းရှိရာသို့၊ အတူ လှမ်းလာခဲ့တော့၏။
YOU ARE READING
ချမ်း (オレの愛)【Completed】
RomanceRomance Story between two boys All about their young, wild, free love (Own Creation) (( Both Unicode & Zawgyi )) "ချစ်တယ်ဆိုတဲ့အရာက သိအောင် အချိန်တိုင်းပြောပြနေဖို့မလိုပေမဲ့.. နမည်တစ်ခွန်း ခေါ်လိုက်တိုင်း... သိပ်ချစ်တာ သိစေချင်တယ် မြတ်နိုးလွန်းလို့...