Chapter 23 - Shared love

2.4K 149 1
                                    

"ဒီည အတူတူလုပ်ကြရအောင်..နော် ချမ်း"

မဟာ ထိုသို့ ပြောပြီး၊ ချမ်းရဲ့ဘောင်းဘီထဲသို့ လက်တွေကို တိုးဝင်လိုက်သည်။ တခါနှစ်ခါ ရင်းနှီးဖူးခဲ့တဲ့ကောင်ငယ်လေးကို စိတ်ကျေနပ်မှုပေးနိုင်ဖို့၊ ကြိုးစားမည် ကြံစဥ်မှာပဲ..

"မဟာ.."

"ဟင်..."

"အံ ... အံဆွဲထဲမှာ ရှိတာ ယူလိုက်"

မျက်နှာတစ်ဖက်လွှဲရင်းမှ ချမ်းက သူ့ကို ဒီလို ပြောလာခဲ့သည်။ ၎င်းစကားကြောင့် အံဆွဲကို ဖွင့်ကာကြည့်လိုက်မိသည်။ ထိုစဉ် မြင်လိုက်ရတဲ့အရာတွေကြောင့်...

"ဟင် ဒါ တွေ က.."

"ဟို အဲ ဒါတွေ လိုအပ်နိုင်တယ်
ပြော ပြောထားလို့"

မယုံကြည်နိုင်။ သို့သော် သူ့လက်ပေါ်မှာ ရှိနေတဲ့ပစ္စည်းများအရ ဒါက ချမ်းကိုယ်တိုင် ပေးအပ်လာတဲ့ အခွင့်အရေးတစ်ခု။ မယုံကြည်နိုင်စွာ။ မတောင်းဆိုရက်စွာ မဟာ အကြိမ်ကြိမ် မျိုသိပ်ခဲ့ရပေါင်း များသော်လဲ ယခုတွင်တော့..

အသည်းယားစွာဖြင့် ရင်ခွင်အောက်မှ ကိုယ်လေးကို တင်းခနဲ ဆွဲဖက်လိုက်ရင်း..

"ချမ်း ..."

"ဘာလဲ? မင်း မလိုချင်လဲ ရတယ် ရတယ်... ဖယ်တော့ ဖယ်.."

ပြောတုန်းက ပြောပြီးမှ ရှက်ရမ်း,ရမ်းပြီး၊ အတင်းတွေ မ,လိုချင်ခိိုင်းနေသော ချမ်းအား ကြည့်ရင်း ကြည့်ရင်းမှ မဟာ့ရင်ထဲ ကြည်နူးစိတ်များက တသိမ့်သိမ့်။ အနှီပုံစံလေးကို အသည်းယားလွန်းလို့၊ မျက်နှာလေးအနှံ့ တဖွဖွ နမ်းနေရင်းမှ၊ ဖြည်းဖြည်းချင်း ပိုတိုးပြီး ဖက်မိသည်။

"ကိုယ့် ကို ကြည် ဖြူ တယ်လား?"

"..."

"ချမ်း က လေ ?"

"မင်း ...... မဟာမြင့်မြတ် အပိုစကားတွေ ထပ်ပြောနေမယ်ဆို တကယ် ဖယ်တော့နော် !"

"..."

"သွား.....အင့်"

အိစက်,ညက်ညောနေသော နှုတ်ခမ်းထူထူတို့၏ အထိအတွေ့က မဟာ့ အတွက်တော့ ဘယ်တော့မဆို ရိုးနိုင်လိမ့်မည် မဟုတ်။ ထိုနှုတ်ခမ်းသားထူထူတို့ကို အထက်တစ်လှည့် အောက်တစ်လှည့် ဆွဲကာနမ်းရင်း၊ အောက်နှုတ်ခမ်းသားလေးကို တစ်ချက်ချက် ဆွဲကာကိုက်ရင်းမှ ရင်ခုန်သံတွေက တစ်ဖြည်းဖြည်းနဲ့ အစိုးမရတော့ပေ။

ချမ်း (オレの愛)【Completed】Where stories live. Discover now